EP 3

8.2K 619 131
                                    

[ᴜɴɪᴄᴏᴅᴇ]

တကယ် မုန့်သရဲပါ။သူ့မုန့်​တွေကိုများ ပူ​နေလိုက်​သေးတယ်။chaeကို​စောင့်ရင်း ခြေလှမ်းစိပ်စိပ်နဲ့ လမ်းကို ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက် ဆော့​နေမိတယ်။

သူမ စောင့်ရင်း​စောင့်ရင်း လမ်း​လျှောက်လာတာ လမ်းစုံ​လေးအထိ ရောက်ခဲ့ပြီ။​ကျောင်းကိုတောင် သူမ မြင်​နေရပြီ။သူမ မျက်လုံး​တွေက ကျောင်းနဲ့ ဝေးရာ လူတစ်ဦးဆီသို့ ရောက်ခဲ့သည်။​ချောင်​လေးတစ်​​နေရာမှာ ထိုင်ပြီး ငို​နေတဲ့ က​လေးမ​လေး တစ်ဦး။အရွယ်ချင်းက မတိန်းမရိမ်း။သူမ ခြေလှမ်း​တွေ ထိုခ​လေးမဆီ ရောက်ခဲ့တယ်။

"ဟိတ်...unnie ဘာလိုငို​နေတာလဲ?"

ဂါဝန်​အရှည်လက်ပြတ်က​လေးကို ဝတ်ထားတဲ့သူမက တုန်ရီ​နေခဲ့တယ်။lili အ​မေးကို သူမ ပြန်မ​ဖြေခဲ့။မျက်ရည်​တွေ ဝဲရင်း သူမ ငိုပဲငို​နေခဲ့တယ်။

"ဟိတ် မေး​နေတယ်​လေ ။ ဘာလို ငို​နေတာလဲ?"

သူမ အကြည့်​တွေက liliကိုင်ထားတဲ့ မုန့်​တွေဆီမှာ။

"ဟာ မေး​နေတာကို မ​ဖြေလဲ နေဟာ။..."

lili သူမ အနားက ထ ထွက်သွားမလို့ လုပ်ခဲ့တယ်။ဒါ​​ပေမဲ့ သူမ ထွက်မသွားနိုင်ခဲ့ဘူး။

ဗြဲးး..........

ဘာ​ကြောင့်မှန်းမသိ သူမ ငိုသံကြီးက ပိုကျယ်လာခဲ့တယ်။

lili ဘာလုပ်ရမလဲ မသိဘူး။သူမ အငိုတိတ်သွား​အောင် lili ဘာလုပ်​ပေးရမလဲ။

"ဟာ...ဟိတ် ဟိတ် မငိုနဲ့​​လေ။unnie ဘယ်လို ဟာ​လေးလဲ"

ငိုသံက မရပ်ခဲ့ပါ။လူ​ကောင်​သေး​ပေမဲ့ liliလိုပဲ အသံကျယ်ပါတယ်။

"ရှူး....ဟာ ဒုက္ခပါပဲ ! unnie unnie ဒီမုန့်​တွေ​ပေးမယ်​လေ မငိုနဲ့​တော့​နော် နော်...အဲလိုကြီး ငို​နေ​တော့ ဘာလုပ်​ပေးရမလဲ မသိ​တော့ဘူး။ မုန့်​တွေ ပေးမယ်​​​လေ​နော် တိတ်​တော့​နော်။ပြီမှ ဟိုတစ်​ယောက်သတ်လဲ သတ်ပါ​စေ​တော့။unnie မငိုနဲ့​နော်"

lili သူမ လက်ထဲကို မုန့်​တွေ အတင်းထိုး​ပေးခဲ့တယ်။သူမ မငြင်းခဲ့ပါဘူး။မငြင်းသလို အငိုလဲ တိတ်သွားခဲ့ပါတယ်။မုန့်​တွေ အကုန်လုံး သူမ ဖောက်စားခဲ့တယ်။နင် နေတဲ့အထိပါပဲ။

Only One ReasonWhere stories live. Discover now