EP 9

7.3K 586 57
                                        

[ᴜɴɪᴄᴏᴅᴇ]

"Un..Unnine"

သူမ မျက်ရည်​တွေ စီးဆင်းလာပြီး

"မ..မသွားပါနဲ့....!"

"unnie အဆင်​ပြေရဲ့လား။ဘာလို ငို​နေတာလဲ?"

သူမ ဘေးနား​​လေးကို ဝင်ထိုင်ပြီး သူမ မျက်ရည်​တွေကို သုတ်​ပေး​နေမိတယ်။

"ငါ..ငါ ကြောက်တယ် lisa။ငါ ထပ်ပြီး လမ်း​ပျောက်မှာ ကြောက်တယ်။"

သူမ လက်​တွေ အေးစက်ပြီး တုန်ရီ​နေခဲတယ်။lili ရဲ့ လက်ကိုလဲ ကျစ်​နေ​အောင် ကိုင်ထား​​သေးတယ်။

"unnie ရယ် မ​ပျောက်ပါဘူး။ lili ရှိတယ်​လေ။မငိုနဲ့​​​တော့​နော်။"

"အွမ်း"

"unnie အ​ရှေ့မှတ်တိုင်မှာ ဆင်း​ရ​အောင်​နော်။ lili unnieကို အိမ်ထိ​ရောက်​အောင် လိုက်ပို့​ပေးမယ်​နော်။"

သူမ ခေါင်း​လေးကို ငြိမ့်ပြပြီး မျက်ရည်​တွေကို သုတ်​နေပြန်တယ်။သူမ တကယ်​ကြောက်​နေခဲ့တာပဲ။အခု့လို ကြောက်တက်တဲ့ သူက ဘာလို့ တစ်​ယောက်ထဲ ပြန်ရတာလဲ?lili နဲ့​တွေ့လို့ တော်​သေးတယ်။မဟုတ်ရင် ဘယ်အထိ ကားဆက်စီးပြီး ဘယ်​လောက်​တောင် ကြောက်​နေမလဲ မသိဘူး။

ကားရပ်​တော့ ကား​ပေါ်က ဆီးပြီး သူမ ပြောပြတဲ့ လိပ်စာ အတိုင်း TAXI နဲ့ပဲ လိုက်ပို့လိုက်တယ်။ကား​ပေါ်မှာလဲ သူမ ကို ဘာစကားမှ မ​ပြောခဲ့။ဘယ်က​နေ ဘယ်လို စ ပြောရမလဲ လည်း မသိပါဘူး။

Taxi မှာ ပေါ်​နေတဲ့ ပိုက်ဆံ အ​​မောက်ကို ကြည့်ပြီး

"ဦး​လေး ရောက်ဖို့ လို​သေးလား?"

"အ​ရှေ့နား​လေးဆို ရောက်ပြီးကွဲ့။ဒီက​နေ တောင် လှန်းမြင်​နေရပြီ​လေ။"

လက်ညှိုးညွှန်ရာ ကြည့်လိုက်​တော့ နီးနီး​လေးပဲ လို​တော့တာနဲ့ပဲ

"ဦးလေး ဒီမှာပဲ ရပ်​ပေး​တော့ ။သမီး​တော့ ဆင်း​တော့မယ်။"

ကား​ပေါ်က ဆင်း။ ဦး​လေးကြီး ကို ပိုက်ဆံ​ပေးပြီး။

"unnie လမ်း​လျှောက်လို့ အဆင်​​ပြေလား!lili ကုန်းပိုရမလား။"

"ရပါတယ်။ ငါဖာသာ ငါပဲ လမ်း​လျှောက်လိုက်မယ်။"

Only One ReasonWhere stories live. Discover now