EP 26

6.4K 523 74
                                    

[ᴜɴɪᴄᴏᴅᴇ]

"lisa ya!
နင် အဲဒါ ဘာလုပ်​နေတာလဲ?"

chae ကို မြင်​တော့ မျက်ရည်​တွေကို သုတ်ပြီး မတ်တပ်ရပ်လိုက်တယ်။

"ဘာမှမဖြစ်ပါဘူး?"

"ဟုတ်လို့လား?နင် ငို နေတာမဟုတ်ဘူးလား?"

"lili မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ"

"aww...ဒါနဲ့ lisa
အောက်က အခန်းတံခါး သော့​တွေ​ကော။"

"ငါ..နင့် အခန်း သော့နဲ့ ငါ့ အခန်း​သော့ပဲ မေ့ပြီး ယူလာမိတာ"

တကယ်​တော့ lili တမင် နှစ်​ချောင်းပဲ ယူလာခဲ့တာပါ။သူမ ကို သဝန်တိုပြီး စကားမ​ပြောတာက စကားမ​​​ပြောတာပါပဲ။မျက်လုံး​အောက်က​တော့ အ​ပျောက်မခံနိုင်ပါဘူး။

"wae..."

"ဟုတ်သားပဲ ဘာလို့ နှစ်​ချောင်းပဲ ယူလာတာလဲ?
NiNi က ဘယ်မှ အိပ်ရမှာလဲ?"

"chae အခန်းမှာ အိပ်မလား?"

"ဟင်..."

jen ရုတ်တရက် လန့်သွားခဲ့ရတယ်။သူမ ပြောတာ ကြားကြားချင်း သူမ ကန်ချတဲ့ အဖြစ်ကို ပြန်မြင်​ယောင်မိတယ်။

"lili အခန်းလဲ ရှိတယ်။chae အခန်းလဲ ရှိတယ်။ကြိုက်တဲ့ အခန်းကို အိပ်​လေ"

lili အခန်းမှာ အိပ်​စေချင်​ပေမဲ့ ထုတ်​ပြောလိုက်ရင်
သိသာသွားမှာဆိုးလို့ မ​ပြောမိပါ။

"ဟုတ်တယ်။unnie ကြိုက်တဲ့အခန်းမှာ အိပ်​လေ။"

"အဲဒါဆိုလဲ chae နဲ့ပဲ အိပ်လိုက်​တော့မယ်​လေ။"

f**k! lisa
နင့် ဘဝကြီးက ဆိုးလိုက်တာ။ဘာတစ်ခုမှ အဆင်မ​ပြေဘူး။ကြိုစီစဥ်ထားတဲ့အရာ​တောင် တလွဲ။

"အဲဒါဆိုလဲ နင့် အခန်းထဲပဲ ခေါ်ထားလိုက်​တော့ chae!
ငါ အိပ်ပြီ"

ဒုန်း...~~

"အမယ်​လေး.."

စောင့် အောင့်ပြီး အခန်းထဲ ဝင်သွားပြီး အခန်းတံခါးကိုများ စောင့် ပိတ်လိုက်တာများ chae အိမ်ကို ဖြို​နေသလား​တောင် မှတ်ရတယ်။

"unnie !
သူ ဘာဖြစ်သွားတာလဲ?chae အိမ်ကို ဖြိုချင်​နေတာလား?"

သူမ အရမ်း လန့်သွားတယ် ထင်ပါရဲ့။ရင်ဘက်​လေးကို ဖိပြီး အံ့သြ​နေ​လေတယ်။

Only One ReasonWhere stories live. Discover now