[ᴜɴɪᴄᴏᴅᴇ]
lili တောင်းပန်ပါတယ်။lili ချလိုက်တဲ့ ဆုံးဖြတ်ချက်တခု့က NiNi ကို နာကျင်စေခဲ့ရပြီ။
"NiNi..."
NiNi ထွက်သွားပြီးတဲ့ နောက်မှာပဲ lili အဲဒီနေရာမှာပဲ ထိုင်ချပြီး ငိုနေခဲ့တယ်။ရင်ဘက်ကို လက်နဲ့ ထုပြီး ရင်ထဲက နာကျင်မှုကို သက်သာအောင် လုပ်နေပေမဲ့ နာကျင်မှုကတော့ ပျောက်မသွားခဲ့ဘူး။
"အား...NiNi ya!
lili တောင်းပန်ပါတယ်။အဟင့် အဟင့်"ခဏကြာတော့ မျက်ရည်တွေကို သုတ်ပြီး ထ သွားမယ် အလုပ်
"lisa...!"
အနောက်ကနေ လှမ်းခေါ်လိုက်တာ NiNi အသံပါ။ဒါပေမဲ့ ဒေါသတွေနဲ့ ပြည့်နက်နေတဲ့ အသံမျိုးပါ။
"ဟင်...Ni..unnie ဘယ်လို ပြန်ရောက်လာတာလဲ?"
"နင် သိနေခဲ့တာလား?"
တစ်ခါမှ မသုံးဖူးတဲ့ အသုံးအနှုန်းတွေနဲ့ lili ကို သူမ ပြောနေခဲ့တယ်။
ငိုထားပေမဲ့လဲ သူမ ရှေ့မှာတော့ lili က အသဲနှလုံး မရှိတဲ့ လူကြမ်းတစ်ယောက်လိုပါ။သူမ အတွက် ခံစားချက်မရှိတော့တဲ့ မျက်နှာမျိုးနဲ့ပဲ သူမ ကို ကြည့်နေခဲ့တယ်။ခံစားချက်တွေ ဖုံးကွယ်လေ။lili ရင်တွေ ပိုနာလေပါပဲ။
"ဘာကိုလဲ?"
"jiji က appa သမီးဆိုတာ နင် သိနေခဲ့တာလား?"
lili ဘာမှ ပြန်မပြောဖြစ်ခဲ့ပါ။ဘာကြောင့် မပြောပြဖြစ်ခဲ့တာလဲဆိုတာ ရှင်းပြချင်ပေမဲ့ သူမ lili ကို မုန်းဖို့အတွက် ဒါဟာ အခွင့်အရေး တစ်ခုများဖြစ်နေမလား ဆိုပြီး lili ငြိမ်နေခဲ့မိတယ်။
တိတ်ဆိတ်ခြင်းက ဝန်ခံချင်းတဲ့။ဒါဆို သူ...သူမ သိနေခဲ့တယ်ဆိုတာ အမှန်ပဲပေါ့။
"ဟာ.....အခု့တော့ ငါ နားလည်သွားပြီ lisa,လက်ထပ်ရမဲ့သူ ရှိရဲ့သားနဲ့ ငါ နဲ့ ဘာလို့ တွဲခဲ့လဲ ဆိုတာ။နင်..နင် က jiji အတွက် အယုံသွင်းဖို့ ငါ့ ကို အသုံးချခဲ့တာပဲ။ငါ့ကို လိမ်ခဲ့တာပဲ။"
စွပ်စွဲချက်တွေက ပြင်းထန်လိုက်တာ NiNi ရယ်။
"နင် တော်ပါတယ်။ဝဋ်ဆိုတာ ဘာလဲလို့ နင် ငါ့ကို မြင်အောင် ပြနိုင်ခဲ့တယ် lisa!ငါ ပြင်နိုင်ခဲ့ပေမဲ့ ငါ နောက်ကျသွားခဲ့တယ် ထင်တယ်။ငါ လုပ်ခဲ့တာတွေအတွက် ငါ ပြန်ခံရတယ်လို့ပဲ မှတ်လိုက်တော့မယ်။"
YOU ARE READING
Only One Reason