[ᴜɴɪᴄᴏᴅᴇ]
"NiNi...."
"ဟာ.....ကျစ်"
sofa ပေါ်မှာ အိပ်ပျော်နေရင်း jen နာမည်ကို ခနခန ယောင်နေတဲ့ သူမ ကြောင့် စိတ်ရှုပ်နေမိတယ်။
သူမ အရှေ့မှာ ထိုင်ပြီး အိပ်ပျော်နေတဲ့ သူမ မျက်နှာလေးကို ငေးကြည့်နေမိတယ်။အရင်ကလို မျက်ခုံးလေးတွေ နှာခေါင်းလေးတွေက မပြောင်းလဲသေးဘူးပဲ။နှုတ်ခမ်းလေးကတော့ နည်းနည်းလေး ပိုထူပြီး လူကြီးလေးနဲ့ တူလာတယ်။အရင်က စိတ်နဲ့သာဆို သူမ အနားကို သွားထိုင်ပြီး သူမ မျက်နှာလေးကို ထိကြည့်မိမယ်ထင်တယ်။
lisa ရေ....မင်းနဲ့ ပတ်သတ်ရင် တို့က ဝဋ်သိပ်ကြီးတာပဲ။
သူမကို ကြည့်ပြီး jen ပြုံးနေမိပေမဲ့ လှုပ်ရှားလာတဲ့ သူမ ကြောင့် jen အကြည့်တွေကို လွှဲလိုက်တော့တယ်။
"ဝေါ့....ဝေါ့....."
ပျို့တက်လာတဲ့ သူမ က ပါးစပ်ကို ပိတ်ပြီး bathroom ထဲကို ပြေးသွားခဲ့တယ်။
သူမ နောက်ကနေ လိုက်ပြီး လုပ်ပေးချင်ပေမဲ့ ထိုင်နေရာကနေ မထမိခဲ့ဘူး။ခဏကြာတော့ သူမ မျက်နှာသစ်ပြီး ပြန်ထွက်လာခဲ့တယ်။သူမ ပုံက အမူးပြေသေးတဲ့ပုံ မပေါ်ဘူး။
"ဒီနေ့တော့ ဒီမှာပဲ အိပ်လိုက်တော့ lisa!
မနက်ဖြန် ထွက်သွားပါ""NiNi....."
သူမ ဘေးနားက ဖြတ်သွားတဲ့ jen ကို သူမ က ဆက်သွားလို့ မရအောင် ဖက်ထားခဲ့တယ်။သူမ နဲ့ ထိတွေ့မိရင် jen ရင်ခုန်သံတွေက ပိုပိုပြီးတော့ကို မြန်နေခဲ့တယ်။
"lisa....!ဒီလိုအချိန်မှာ မင်း ကို ထပ်မရိုက်ချင်ဘူးနော်။လွှတ်စမ်း..."
"........"
အနောက်ကနေ ဖက်ထားပြီး jen ပုခုံးထက်ကို နှာဖူးတင်ထားတဲ့ သူမ အိပ်များပျော်နေတာလား?သူမ ဖက်ထားတာ အရမ်းကို တင်းလွန်းနေခဲ့တယ်။အိပ်ပျော်နေတဲ့ လူတစ်ယောက်က အခု့လို တင်းနေအောင် ဖက်ထားနိုင်ပါ့မလား?
"Ya....ငါ ပြောနေတာ မကြားဘူးလား?လွှတ်စမ်း..."
".........."
YOU ARE READING
Only One Reason