[ᴜɴɪᴄᴏᴅᴇ]
"unnie...."
သူမ မျက်ဝန်းတစ်စုံကြောင့် ကောင်းမလေး တစ်ယောက်တော့ စွန့်အ သွားခဲ့တယ်။
"unnie!"
"ဟင်...ဟင်...ဘယ်သူ့ကို ခေါ်တာလဲ?ငါ့ကိုလား?"
unnieတဲ့ jen နဲ့ အတန်း အတူတူလို့ ထင်ထားတာ။အတန်းမတူလို့ များလား!
"ဟုတ်...unnie ကိုပဲ ခေါ်နေတာပါ။တီချယ် က unnie ကို ရုံးခန်းထဲကို ခေါ်ခဲ့ပါဆိုလို့။"
ရုံးခန်းရှိတာ ကျောင်းဘက်ကို လက်ညှိုးထိုးပြ လိုက်သည်။
"အွမ်း သွားမယ်လေ။"
သူမ ကို လမ်းပြပြီး အရှေ့က သွားခဲ့သည်။သူမ စကားပြောဆိုပုံက သူမ ပုံစံနဲ့ကွဲပြားသည်။မာနကြီးတာလား?lili ကိုပဲ ဒီလိုဆက်ဆံတာလား စဥ်းစား၍မရ။
🗯အော်...ဒါတွေ အရေးမကြီးပါဘူး။သူမ ဖာသာ သူမ ဘယ်လိုပဲ နေနေ၊lili တာဝန်က ရုံးခန်းထဲ ခေါ်သွားပေးဖို့ပဲ မဟုတ်လား!🗯
ရုံးခန်းရှေ့ ရောက်ကို သူမ ကို တံခါး ဖွင့်ပေးလိုက်သည်။သူမ က ကျေးဇူးတင်စကား နည်းနည်းလေးတောင် မပြော၊ကျေးဇူး တင်ရကောင်းမှန်တောင် သိရဲ့လား မသိ။
"တီချယ်..ဒီမှာ ကျောင်းသူ အသစ်"
"အော်...အေးအေး အဲဒီမှာ ခဏထိုင်နေနော်။"
သူမ ကို ထိုင်ဖို့ ပြောခဲ့ပေမဲ့ သူမ နားမှာ ထိုင်ခုံက မရှိ။lili နားက ထိုင်ခုံကို သူမ ကို ပေးခဲ့တယ်။
"ဒီမှာ.."
🗯ဟင်...ထပ်ပြီးတော့လား?liliကို ထပ်ပြီး လျစ်လျူရှုပြန်ပြီ။သူမ တော်တော်လေး လူမှုရေး မသိတာပဲ။ဟူး.....🗯
"တီချယ် lili သွားလိုက်ပါအုံးမယ်နော်။"
"အေးအေး။ကျေးဇူးပဲ lili "
တီချယ်ကို ပြုံးပြပြီး အတန်းဆီကို lili လာခဲ့သည်။လမ်းမှာလဲ ဆူညံလို့။စကားပြောတဲ့ လူတွေက ပြော။ဆော့တဲ့လူတွေက ဆော့လို့ရယ်။
ဆရာမ ပေးလိုက်တဲ့ စာအုပ်တွေထဲက သူမ စာအုပ်ကို သူမ ရွေးရှာရင်း လမ်းကို မကြည့်မိပေ။သူမ လာတာကို မြင်တဲ့ လူတွေကတော့ သူမ ကို ရှောင်သွားကြပေမဲ့ ကျောင်းသူ တစ်ဦးကတော့
YOU ARE READING
Only One Reason