EP 2

9.8K 627 45
                                    

[ᴜɴɪᴄᴏᴅᴇ]

"အမယ်​လေး ကောင်ပ တော်!ရှင်တို့ သားအဖ နှစ်​ယောက်ပဲ ကောင်းတယ်။"

"မိန်းမရယ် မင်းလဲ က​လေးကျ​နေတာပဲ။"

"ဘာ!"

"တော်ပြီ ယောက်ျားပဲ အ​လျော့​ပေးတယ်​နော်။ကိုယ်အလုပ်သွားရအုံးမယ်။"

(30 Minutes later)

"အွမ်း ရှင့်အလုပ်​ကော အဆင်​ပြေလား?"

"ပြေပါ့ကွာ ။ Park ကြီးက သ​ဘော​ကောင်းတယ်ကွ။ကိုယ်တို့​တောင် သ​ဘောတူညီမှု တစ်ခု လုပ်ထား​သေးတယ်"

"ဘာ​တွေ လုပ်ထားတာလဲ?"

"နောက်မှ ပြော​ပြ​တော့မယ်။ကိုယ် အလုပ်​နောက်ကျမှာဆိုးလို့ သွားပြီ​နော်။ချစ်တယ် မိန်းမ ။"

အလုပ် ဘယ်​လောက်ပဲ နောက်ကျ နောက်ကျ ၊မနက်တိုင်း appa က​တော့ eomma ကို ချစ်တယ် ပြောပြီးမှ အလုပ်သွား​လေ့ရှိတယ်။

"ကိုယ် ဖြေးဖြေး မောင်းသွား​နော်။"

ဖိနပ်စီး​နေတဲ့ ယောက်ျားဖြစ်သူကို သူမ သတိလှမ်းပေးလိုက်သည်။

"အွမ်းပါ ။အော် ဒါနဲ့ lili လေးကို ည​နေ လာကြိုမယ်လို့​ပြောလိုက်အုံး။သင်တန်းပါ တစ်ခါတည်း စုံစမ်းပြီး အပ်​ပေးမယ်လို့ပါ ပြော​ပေးပါအုံး။"

မိန်းမက အပြုံးနဲ့ နှုတ်ဆက်ပြီး အလုပ်သွားဖို့ ထွက်လာခဲ့တယ်။ခြံဝ မှာ ကျောင်းအတူတူသွားဖို့ chaeyoung​ လေးက စောင့်​နေ​လေတယ်။

"အော် chaeyoung လေး။"

"မင်္ဂလာပါ appa။"

"အေး အေးကွယ် lili ခ​န​နေ ထွက်လာလိမ့်မယ်​နော်။appa အလုပ်​နောက်ကျ​နေလို့ သွားလိုက်အုံးမယ်။"

"ဟုတ် "

ဟင်....appaကြည့်ရတာ ပြာတိပြာယာ နဲ့ အိမ်က appa ကဖြင့် အိပ်ရာ​တောင် မထ​သေးဘူး။

သူမ ခြံ​ရှေ့​​နောက်​နေတာ မိနစ် ၂၀လောက်ရှိပြီ။
lili အခု့ထိ ထွက်မလာ​သေး​ပေ။သူမ စိတ်မရှည်ပါ။​
အမြဲတမ်းလိုလို သူမ ကပဲ စောင့်​နေရတာ​​ကြောင့် သူမ စိတ်တိုသည်။

"ဟူး....မဖြစ်ဘူး အိမ်ထဲဝင်မှပဲ။"

ခြံတံခါးကို ဖွင့်ခါ lili ကို ကောင်း​ကောင်း အော်ဖို့ သူမ အိမ်ထဲဝင်ခဲ့သည်။

Only One ReasonWhere stories live. Discover now