[ᴜɴɪᴄᴏᴅᴇ]
"NiNi...."
jen လွမ်းနေမိတဲ့ သူမ အသံလေး....
အခု့တော့ ရောက်လာပြီပေါ့။ပျော်ပေမဲ့လည်း မျက်နှာကို တည်တည်ထားပြီး
"ဘာလဲ?ဘာလာလုပ်တာလဲ?"
သူမ ရဲ့ ဝေးရာ တစ်ခြား တစ်ဖက်ကို ထွက်လာခဲ့သည်။
"သမီး....သမီး....ဟော...ဒီကလေးတော့
lili ကို အားနာစရာကြီး""ရပါတယ်။lili အခု့မှ လာလို့ စိတ်ကောက်နေတာ ဖြစ်မှာပါ။"
"အေးကွယ်...."
"lili လိုက်သွားလိုက်အုံးမယ်နော်"
သမီးနှစ်ယောက်လုံးရဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးတက်တဲ့ uncle တို့ ကြောင့် lili တို့ နှစ်ယောက်ကို jiji ပြောထားကတည်းက သဘောတူပြီးသားပါ။
သူတို့ သမီးတွေ တကယ် ချစ်တဲ့ ဘယ်လို လူမျိုးကို မဆို သဘောတူနိုင်တယ်။ပျော်ဖို့ကသာ အဓိက။ယောက်ျားလေး တစ်ယောက်ကို ချစ်တဲ့ အချစ်ကိုသာ တကယ့် အချစ်စစ် လို့ သတ်မှတ်လို့မရဘူး။ကိုယ့်ကို ပျော်ရွှင်စေတာကသာ တကယ့် အချစ်စစ်တဲ့လေ။
"NiNi...."
သူမ နည်းနည်းလေးတောင် လှည့်မကြည့်တော့ပါ။သူမ အရှေ့သွားရင်လဲ lili ကို မျက်နှာချင်းမဆိုင်ပဲ ရှောင်ပြေးနေခဲ့တယ်။
"NiNi...."
သူမ လှည့်မကြည့်ပြန်ပါ။
lili လည်း အရမ်းလွမ်းနေမိတာပါ။
အခု့တော့ သူမရဲ့ နောက်ကျောလေးက ဖက်ပေးပါလို့ lili ကို ပြောနေသလိုပါပဲ။"NiNi...."
သူမ ကို အနောက်ကနေ ဖက်ပြီး ဆံပင်တွေ ဖုံးလွှမ်းနေတဲ့ ကြားက ပေါ်နေတဲ့ သူမ ရဲ့ လည်တိုင်လေးကို နမ်းလိုက်မိတယ်။
တော်သေးတာပေါ့။uncle တို့နဲ့ နည်းနည်း ဝေးလို့သာ။
"ဖယ်ပါ...လွှတ်...လာလဲ မနမ်းနဲ့"
"မဖယ်ပါဘူး။ဒီအတိုင်းလေးပဲ ဖက်ထားချင်တာ"
"ဟာ....လွှတ်လို့...."
"မလွှတ်ဘူးဟာ...Mwah Mwah ~~"
"မနမ်းနဲ့...ယားတယ်။"
YOU ARE READING
Only One Reason