[ᴜɴɪᴄᴏᴅᴇ]
သူမ နဲ့ jiji နှစ်ယောက်သား အတူတူ တစ်ဝိုင်းထဲမှာသာ ထိုင်ဖြစ်ခဲ့တယ်။သူမ ကိုကြည့်ရင်း ပြုံးနေမိတဲ့ jiji ကတော့ တစ်နေ့လုံး ဘာမှ စားမထားတာတောင် ဗိုက်အလိုလို ပြည့်။သူမ မှာတော့ appa ကို စောင့်ရင်း လာစားတာလား?ဒါမှမဟုတ် မနေ့ကတည်းက ဘာမှ မစားရသေးတာလား? သေချာတောင် မခွဲခြားတက်တော့ပါဘူး။
"chae ရယ် ဖြေးဖြေးစားပါ။ဒီမုန့်တွေက ပန်းကန် ထဲမှာပဲ ရှိနေမှာ ဘယ်မှ မပြေးပါဘူး။"
ပါးစပ်မှာလဲ ပေပွလို့။
"hehe မုန့်တွေ ထွက်မပြေးတာတော့ chae သိပါတယ်။ ဒါပေမဲ့ chae မှ အစားနဲ့ ပါးစပ် နဲ့ ပြတ်ရင် မနေနိုင်တာ"
ခုံပေါ်က တစ်ရှူး တစ်ရွက်ကို ယူပြီး သူမ နှုတ်ခမ်းပေါ်မှာ ပေနေတာတွေကို သုတ်ပေးလိုက်မိတယ်။
"chae ရည်းစားထားဖူးလား?"
"ဟင်.....မထားဖူးပါဘူး! chae က အဲဒါတွေမှ မသိတာ။
ဒါပေမဲ့..."မထားဖူးလို့ ပျော်နေတဲ့ jiji အပျော်တွေက သူမ ရဲ့ ဒါပေမဲ့ အောက်မှာ ပျောက်ခဲ့ရပြန်သည်။
"ဒါပေမဲ့ ဘာလို့လဲ chae?"
"ဒါပေမဲ့ chae မှာ လက်ထပ်ရမဲ့ သူ ရှိတယ်။ "
လက်ထပ်ရမဲ့ သူတဲ့။သူမ ကတော့ ဘာမှ မဖြစ်သလို ပြောနေပေမဲ့ jiji အတွက်ကတော့ ...အသံမပျက်အောင် သေချာ ထိန်းရင်း
"ဟင်...ဘယ်သူလဲ အဲဒါ"
"lisa လေ!"
"ဟမ်...lisa ...lisa မိန်းကလေး လေ"
"အွမ်း ဟုတ်တယ်။လူကြီးချင်း ကတိပေးထားလို့ ဆိုလား ဘာလားပဲ။ chae သေသေချာချာ မသိဘူး!"
"အော်...."
jiji မှာ တစ်ယောက်ထဲ စကားတွေ တိတ်ဆိတ်ရင်း ရင်ထဲမှာ လှောင်ပိတ်ထားခံရသလိုပဲ။chae ဆိုတဲ့ ကောင်မလေးကို jiji ချစ်နေမိတာပဲ။အချိန်တန် လက်ထပ်ရမဲ့ ကောင်မလေး တစ်ဦးကိုလေ။
"ဒါနဲ့ ဘာလို့ မေးတာလဲ unnie.."
"ဒီအတိုင်း...ဒီအတိုင်း မေးတာ
chae စားလေ။jiji မှာထားတာတွေပါ စားလို့ရတယ်"
YOU ARE READING
Only One Reason