[ᴜɴɪᴄᴏᴅᴇ]
"lili...ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ?"
"jiji နဲ့ပါ NiNi...!"
သူမ မျက်နှာ မကောင်းပါ။lili ကို ချစ်လို့သာ သူမ ဘာမှ မပြောပဲ နေနေခဲ့တာ။သူမ ကိုတော့ jiji အကြောင်း ပြောလို့ မရ။လက်သင့်မခံပါ။
"အော်....NiNi ရေချိုးတော့မယ်..lili ကော?"
"NiNi အရင် ချိုးလိုက်နော်...
lili ဖုန်းပြောစရာ ရှိသေးလို့...""အင်း...."
"အော်....NiNi...!"
" ......."
"အတိုတွေ မဝတ်နဲ့နော်...
လုံလုံခြုံခြုံဝတ်....""အင်းပါ...."
သွားရမဲ့ နေရာက မလုံခြုံ....
သူမ ကိုလဲ ဘယ်သူမှ ကြည့်တာ မကြိုက်တဲ့ lili အတွက်ကတော့ သူမ အဝတ်အစားအတွက်ပါ လိုက်ပူနေခဲ့ရတယ်။သူမ ရေချိုးနေတုန်း....
jiji ပို့ပေးတဲ့ ဖုန်းနံပတ်ကို ဆက်ပြီး မှာစရာရှိတာတွေ မှာရမယ်။Ring.....Ring.....Ring.....
"hello...."
"ဟုတ်ကဲ့ မမလေး....
မမလေး jisoo ဖုန်းဆက်ပြီး ကျွန်တော် တို့ကို မှာထားပါတယ်။"အသံကြားရတာတော့ ယုံကြည်ရမဲ့ အသံမျိုးပါ။
jiji ဆီမှာ လုပ်တာ ကြာပြီ ထင်တယ်။"အင်း....အဲဒါဆိုရင်တော့ ကောင်းတာပေါ့...
လိုရင်ပဲ ပြောတော့မယ်။""ဟုတ်ကဲ့ပါ မမလေး...."
"အခု့ lili တို့ နေနေတဲ့ အိမ်ကို သိတယ် မဟုတ်လား?အခု့ ဖုန်းပြောပြီးရင် အဆင်ပြေမဲ့ လူ ၅ယောက်လောက် လွှတ်ပေးပါ"
"စိတ်ချပါ...ကျွန်တော်ကိုယ်တိုင်လိုက်လာခဲ့ပါမယ်။
ဒါနဲ့ လာပြီး ဘာဆက်လုပ်ရမလဲ မမလေး?""ခက်ဝေးဝေးကနေ စောင့်ကြည့်ပေးပါ။"
"ဗျာ...."
"အော်...ဒီလိုပါ...lili တို့ party သွားစရာရှိတယ်။အဲဒီ နေရာက မလုံခြုံလို့။ရှင်တို့ ပါတာကိုလဲ သူတို့ကို မသိစေချင်လို့ ဝေးဝေးကနေပြီး စောင့်ကြည့်ခိုင်းတာပါ။lili တို့ အဲဒီ party ပွဲမှာ အလွန်ဆုံးကြာ ၁ နာရီလောက်ပဲ ၂ နာရီ ပြည့်လို့မှ ပြန်ထွက်မလာရင် ရှင်တို့ ရတဲ့ နည်းနဲ့ ဝင်လာခဲ့ပါ။အကယ်၍ ကိစ္စကြီးကြီးများများ တစ်ခုခု ဖြစ်ခဲ့တယ်ဆိုရင် lili ထက် NiNi ကို ဦးစားပေးပြီး ကာကွယ်ပေးပါ။
NiNi က ပိုပြီး အရေးကြီးတာ မို့လို့ပါ။အကူအညီ တောင်းပါတယ်။"
YOU ARE READING
Only One Reason