EP 47

7.5K 577 43
                                    

[ᴜɴɪᴄᴏᴅᴇ]

"အာ....နား​တွေ ငြီးလိုက်တာ ဟာ...
စိတ်ချ lisa နင့်ကို ငါ သတ်​ပေးမယ်။jennie...နင်က​တော့....."

"မလုပ်ပါနဲ့...ငါ တောင်းပန်ပါတယ်..
NiNi ကို ဘာမှ မလုပ်ပါနဲ့"

မှောင်မဲပြီး ဘာကိုမှ သေချာ မမြင်ရတဲ့ ဒီ​နေရာမှာ lili တို့ကို ကယ်မဲ့ သူက မရှိ။အချိန်တို​လေး အတွင်းမှာ ဘာမဆို ဖြစ်သွားနိုင်တယ်...NiNi ကို​တော့ အထိ မခံနိုင်ဘူး။

"lili....မရဘူး...lili ဘာမှ ဖြစ်လို့မရဘူး...
နင် ဘာဖြစ်ချင်တာလဲ Jung Min...
ငါ့ကို ပြော...ငါ အကုန်လုပ်​ပေးမယ်...
lili ကို​တော့ လွှတ်​ပေးလိုက်ပါ"

jen ကြောင့် ဖြစ်ခဲ့ရတာ​တွေအတွက် lili ကပါ ခံ​နေရပြီ။

"ငါ ဘာဖြစ်ချင်လဲ ဟုတ်လား?ငါက နင့်ကို အရှက်ပြန်ခွဲချင်တာ။"

အိတ်ကပ်ထဲက ဆေးပုလင်းကို ထုတ်ပြီး....

"ဒီ​​ဆေး.....ထိုးပြီး ၆ နာရီ​လောက် အရက်မူးသလိုမျိုး မူးပြီး....ဘာကိုပဲ လုပ်လုပ်...ဘယ်လိုမျိုးပဲ ပြုမှု ပြုမှု အသာတကြည်ပဲ လိုက်​ရော တက်တဲ့ ဆေးမျိုး....နင်ကိုသာ ဒီ​ဆေး ထိုး​ပေးပြီး နင့် Video တစ်ခုတ​စ်​လေ လောက်သာ တက်လာကြည့်...နင် နာမည်ကြီးပြီ။ ကိုရီးယားရဲ့ နံပတ် ၁ လုပ်ငန်းရှင်တစ်ဦးရဲ့ သမီးက ဒီလိုပါဆိုပြီး...."

"ဟင့်အင်...မဖြစ်ဘူး....နင် NiNi ကို မထိနဲ့​နော်...ငါ...ငါ တောင်းပန်ပါတယ်....နင် လုပ်ချင်ရင် ငါ့ကိုပဲ လုပ်ပါ...နင် ကြိုက်သလို လုပ်လို့ရတယ်။ဘာလဲ ငါ လူပုံအလည်မှာ နင့် ရှေ့ ဒူး ပြန်​ထောက်​ပေးရမလား?ဒါမှ မဟုတ်ရင် အဲဒီ ဆေး ငါ့ကို ထိုးမလား...?ရတယ် နင် နင် ကြိုက်တာလုပ်....
NiNi ကို​တော့ မလုပ်ပါနဲ့...ငါ တကယ် တောင်းပန်ပါတယ်...."

lili ဘယ်လို ခံစားနိုင်မှာလဲ?သူမ ပြောတာ ကြားရုံ​လေးနဲ့တင် lili အသည်း​​တွေ ကြေမွ နေပြီ။မဖြစ်နိုင်ဘူး...NiNi ကို သူတို့ အဲဒီလို လုပ်ခွင့် lili မ​ပေးနိုင်ဘူး။

ကြိုးကို အတင်းရုန်း​နေတာ​ကြောင့် lili ရဲ့ လက်​ကောက်ဝတ်​ တွေမှာ သွေး​တွေ စို့ နေခဲ့ပါပြီ။ကြိုးကလည်း နည်းနည်း​လေး ပြေ​လျော့ နေခဲ့ပြီ။

Only One ReasonWhere stories live. Discover now