[ᴜɴɪᴄᴏᴅᴇ]
"မသွားနိုင်ဘူး။ဘယ်မှ ထွက်မသွားနိုင်ဘူး။NiNi ကို lili ပိုင်တယ်။"
"ဘာ.....!"
"ဟုတ်တယ်။NiNi နဲ့ ပတ်သက် ပြီး အကုန် စီရင် ပိုင်ခွင့် lili မှာရှိတယ်။"
"ဟက်....မင်း ကို ငါ အဲဒီလို အခွင့်အရေး ပေးမထားဘူးနော်"
"jiji ပေးထားတာ။lili တောင်းဆိုလိုက်တာဆို ပိုမှန်မယ်။အခု့ နေနေ တဲ့ ဒီအိမ် NiNi သုံးနေတဲ့ card တွေ အကုန်ပဲ ။အားလုံး lili နာမည်နဲ့ ပြောင်းထားပြီသား။"
"ဘာ......"
jen နားမလည်ဘူး။jen နာမည်နဲ့ ရှိနေပြီးသား အရာတွေက ဘယ်လိုလုပ် သူမ ပိုင်ဆိုင်ရတာတွေ ဖြစ်သွားရတာလဲ?
"မဖြစ်နိုင်ဘူး။ဒီအိမ် ၊ဒီနိုင်ငံမှာ ရှိတဲ့ အရာတွေ အားလုံးက ငါ နာမည်နဲ့ ရှိနေပြီးသားတွေ"
"ဟုတ်ပါတယ်။NiNi နာမည်နဲ့ ရှိနေပြီးသားတွေ ဆိုပေမဲ့ NiNi က Mr.kim ရဲ့ လက်အောက်ကဆိုတာ မေ့နေတာလား?"
သူမ စကားပြောနေတုန်း Jen ဖုန်းထဲကို msg ဝင်လာခဲ့တယ်။
သတိပေးတဲ့ msg တွေပါ။jen မှာ ရှိနေတဲ့ bank card တွေ အကုန် ပိတ်လိုက်တဲ့ အကြောင်းကြားစာတွေပေါ့။
ဘာလဲ ! သူမ jen အနားကို ပြန်လာတာ တောင်းပန်တယ်ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး jen ကို ထပ်ကစားမလို့လား?
"lisa...!နင် ဒါ ဘာလုပ်တာလဲ?"
တောင်းပန်ပါတယ် NiNi ! NiNi အနားကနေ ထွက်မသွားရဖို့ NiNi နှင်မထုတ်နိုင်ဖို့ lili ဘာမဆို လုပ်နေမိတာပါ။
သူမ ရှေ့မှာ lili ဒူးထောက်ရင်း...
"lili တောင်းပန်ပါတယ်!
အခု့လိုတွေ လုပ်တာ lili ,NiNi အနားမှာ နေချင်လို့ပါ။lili တောင်းဆိုတာပါ။lili ကို NiNi အနားမှာ နေခွင့်ပြုပါ။"သူမ ရှေ့ကနေ jen ထွက်လာမိတယ်။jen က သူမ ပိုင်ဆိုင်ပြီးသား လူတစ်ယောက်ဆိုတာ ပြောလို့မထွက်ခဲ့ဘူး။သူမ ရဲ့ မျက်ရည်တွေဟာ jen ရဲ့ မျက်ရည်တွေပါပဲ။ဒါပေမဲ့ jen သူမ ကို ယုံကြည်ဖို့ ကြောက်နေမိတယ်။အိပ်မက် တစ်ခုလို ရောက်လာပြီး ဒဏ်ရာတွေ ပေးပြီး ပြန်ထွက်သွားတဲ့ သူမ ကြောင့် jen ခဏခဏ မနာကျင်ချင်ဘူး။
YOU ARE READING
Only One Reason