EP 36

6.7K 571 84
                                        

[ᴜɴɪᴄᴏᴅᴇ]

chae ကို စီစဥ်​ပေးစရာရှိတာ​တွေ စီစဥ်​ပေးပြီး သူမ  ရှိမဲ့ France  ကို လိုက်သွားခဲ့တယ်။သူမ အရင်ကနဲ့ ကွားခြား​နေပြီ ဆိုတာ သိ​ပေမဲ့ သူမ ရဲ့ အရင် ပုံရံ​လေးကို​တော့ မြင်​ယောင်မိတယ်။ မြင်ရခဲတဲ့ သူမ အပြုံး​တွေ တစ်ခါတစ်​လေ က​လေးတစ်​ယောက်လို အရိပ်နဲ့ ဆော့​နေတဲ့ ပုံရိပ်​လေး​​တွေ ။

NiNi ရေ....lili ရင်​တွေ အရမ်းခုန်တာပဲ။NiNi နဲ့ ပတ်သတ်ရင် lili ရင်ခုန်သံ​တွေက အမြဲတမ်း လန်းဆန်း​နေတာပဲ။

ရောက်ရောက်ချင်း jiji ပေးတဲ့ လိပ်စာ အတိုင်း လိုက်သွားခဲ့​ပေမဲ့ မှောင်မဲ​နေတဲ့ အိမ်ကြီးကလွဲပြီး NiNi က​တော့ ရှိမ​နေခဲ့။နာရီကို ကြည့်လိုက်​တော့ ည ၁၁ နာရီ​တောင် ရှိ​နေပြီ။သူမ ဘယ်​တွေများ​လျှောက်သွား​နေခဲ့တာလဲ။

jiji ကို ဖုန်းဆက်ပြီး ပြောပြ​တော့ သူမ ရဲ့ အကူအညီနဲ့ပဲ NiNi ရှိခဲ့တဲ့ နေရာ သိရပြန်တယ်။

Club ကို ရောက်​​တော့ သူမ ကို လိုက်ရှာ​ပေမဲ့ ချက်ချင်း ရှာလို့ မ​တွေ့ခဲ့ဘူး။club ကလဲ ကျယ်သလို လူ​တွေကလဲ များလွန်းတယ်။

ယောက်ျား​လေး​တွေကြားထဲမှာ က ခုန်​နေတဲ့ သူမ ကြောင့် lili ရင်ထဲကို တစ်ခုခု ဝင်​စောင့်လိုက်သလိုပါပဲ။​မိန်းက​လေးဆိုလို သူမ ပဲ ရှိ​နေခဲ့တာ​လေ။​နောက်ပြီး ယောက်ျား တစ်​ယောက်ရဲ့ ရင်ခွင်ထဲမှာ က​နေတဲ့ သူမ က ပျော်​နေခဲ့တယ်။lili ကို မြင်​တော့ သူမ က နေတာကို ရပ်ပြီး lili ကို ကြည့်​နေခဲ့တယ်။lili လဲ အနားကို တိုးရင်း အရမ်း လွမ်း​နေခဲ့ရတဲ့ သူမကို ပွေ့ဖက်ချင်ခဲ့တာ။မဖြစ်နိုင်ခဲ့ဘူး။သူမ အရမ်း မူးပြီး lili ကို​တောင် သေချာကြည့်ယူ​နေခဲ့ရတယ်။

"lili...."

"NiNi....."

သူမ က ရုတ်တရက် lili ရင်ခွင်ထဲကို မူးပြီး လဲကြခဲ့တယ်။

"NiNi...NiNi...သတိထားပါအုံး"

သူမ သူငယ်ချင်း​​တွေက ဝိုင်ကြည့်​နေခဲ့​ပေမဲ့ လူတစ်​ယောက်က​တော့ lili ရင်ခွင်ထဲက NiNi ကို အတင်း ဆွဲယူပြီး

"Hay....ဘယ်သူလဲ?"

lili လက်ထဲက​နေ လုယူသွားတဲ့ သူ့ကို ဒေါသ ထွက်မိတယ်။ဒါ​ပေမဲ့ လဲ NiNi ကို ပြန်​ခေါ်ဖို့က အ​ရေးကြီးတယ်​။

Only One ReasonWhere stories live. Discover now