EP 5

7.3K 568 31
                                    

[ᴜɴɪᴄᴏᴅᴇ]

မှန်​ရှေ့မှာ သူမ ဖို့ ပြင်ဆင်ထားတဲ့ ကျောင်းဝတ်စုံကို ဝတ်ပြီး သက်ပြင်းတစ်ချချနဲ့ပါ။

"ဒီ​နေ့ စော​စော သွားရမယ်။jiji နဲ့ လည်း တွေ့ရမှာဆို​တော့"

သူမ လွယ်အိတ်ကိုယူပြီး ကျောင်းသွားဖို့ အောက်ဆင်းလာခဲ့သည်။

မထင်မှတ်ပဲ သူမ appa ဖုန်း​ပြော​နေသည်ကို ကြားခဲ့ရပြန်သည်။တစ်ဖက်သူက မိန်းမ တစ်ဦးလို့ ယူဆ​ရ​​လောက်​အောင်ကို appa စကားတွေက ချိုသာလွန်းတယ်။အဲလိုမျိုး သူကြားရ​တိုင်း eomma ဖြစ်သူကို မြင်ခါ သူမ ဒေါသထွက်သည်။eomma အ​ပေါ် မ​ပေးနိုင်တဲ့ သာယာမှုမျိုး​တွေကို ဘာလို့ တစ်ခြား မိန်းမ တစ်​ယောက်ကို ပေးနိုင်ရတာလဲ။

"အေးပါကွာ...ကိုယ် အားရင် လာခဲ့ပါမယ်။"

jen ကိုလဲ သူ မြင်​ရော ဖုန်းကို ချက်ချင်းပဲ ချလိုက်​လေတယ်။

"ဒါပဲ​နော်။
သမီး ကျောင်းသွားမလို့လား appa လိုက်ပို့မယ်​လေ"

"ရတယ် မလိုဘူး"

appa က မလုံမလဲ မျက်နှာပျက်​နေခဲ့တယ်။တခြားဘယ်တစ်​ယောက်နဲ့များ ပတ်သတ်​နေပြန်တာလဲ။
ဒါ​တွေက အ​ရေးမကြီး။အရင်ကတည်းက အခု့ပုံမျိုးနဲ့ တွေ့​နေကြဆို​တော့ သူမ အတွက် အဆင်မ​ပြေရင်​တောင် နေသားကျ​နေခဲ့ပြီ။

"သမီး appa ပြောစရာရှိတယ်။"

"jen နားမ​ထောင်ချင်ဘူး။"

appa ကို လှည့်​တောင် မကြည့်။အသင့်ပြင်ထားတဲ့ ကား​​​ပေါ်တက်ခါ ကျောင်းသို့ ထွက်လာလိုက်တယ်။

လမ်း​တစ်​လျှောက် စီစီရီရီနဲ့ စိုက်ထားတဲ့ သစ်ပင်ကြီး​တွေ၊ လေတိုက်တိုင်း ကြွေကျလာတဲ့ ရွက်​ဟောင်း​လေး​တွေနဲ့ အေးချမ်းလှတယ်။ကားလမ်းရဲ့ တစ်ဖက်​​ဘေးလမ်း​လေးက​​နေ စက်ဘီး​​လေးနဲ့ မိန်က​လေး တစ်ဦးကို သူမ သတိထားမိသည်။earphone​ လေးကို တပ်ခါ တခြားကို အားရုံမ​ရောက်ပဲ အ​​​ရှေ့ကိုပဲ ကြည့်​​နေတဲ့ သူမ မျက်လုံး​​တွေနဲ့ တူညီ​နေတဲ့ ကျောင်းဝတ်စုံကြောင့် သူမ ကို ကြည့်​​နေမိသည်။

"မမ​လေး...."

"ဘာ​ပြောမလို့လဲ?"

"အပြင်မှာ လေ​တွေတိုက်​နေလို့ ကားမှန်ပိတ်လို့မရလား။​တော်ကြာ မမ​လေး ဖျား​နေအုံးမယ်။"

Only One ReasonWhere stories live. Discover now