[ᴜɴɪᴄᴏᴅᴇ]
"အင်း....ချစ်တယ်..."
"ဟင်...!"
"ဟုတ်တယ်.....ချစ်တယ်။chae မပြောမိအောင် ထိန်းထားခဲ့ပေမဲ့ ပြောလိုက်မိပြီ။ချစ်တယ်။"
မြင်နေရတဲ့ အိမ်လေးမှာ soo ရဲ့ အတူ နေရမဲ့ သူဟာ chae ပဲ ဖြစ်ရမယ်။ကျန်တဲ့ ဘယ်သူမှ မဖြစ်ရဘူး။
နောက်ဆုံးတော့ jiji စောင့်နေတဲ့ အချိန်ကို ရောက်လာခဲ့ပြီပဲ။jiji လဲ ချစ်တာပေါ့.....
"soo တစ်ခုခု ပြန်ပြောအုံးလေ...
အဲဒီလိုကြီးပဲ ကြည့်နေတော့မလို့လား?""chae က တကယ် ချစ်တာ လား?"
"ချစ်တာပေါ့...."
သူမရဲ့ မျက်လုံးတွေထဲမှာ ဘာလို့ jiji ကို ချစ်တဲ့ အချစ်တွေ မမြင်ရပဲ စိုးရိမ်မှုတွေပဲ တွေ့နေရတယ်။ဘာကို စိုးရိမ်နေတာလဲ chae ရယ်....
"soo...တိတ်သွားပြန်ပြီ...
chae ကို စိတ်ဆိုးသွားတာလား?""jiji မှာက လက်ထပ်ရမဲ့ သူရှိတယ်လေ chae...!
လူကြီးချင်းကလဲ ပြောထားပြီးသားတွေ ဖြစ်နေပြီ။နောက်ပြီး.....jiji က လဲ လက်ခံထားပြီးသားလေ
chaeက appa တို့ဆီမှာ ခွင့်တောင်းရဲလို့လား?"ဟင့်အင်...ဒီအဖြေကို သူမ ဆီမှာ ထုတ်မပြောခဲ့ပေမဲ့။chae တကယ်လဲ appa တို့ ဆီမှာ ခွင့်မတောင်းရဲ့ပါဘူး။ဒီမိသားစုလေးကို ချစ်တယ်။ဒီမိသားစုလေးရဲ့ တစ်စိပ်တစ်ပိုင်း တနေရာကနေပြီး chae ရှိနေချင်တယ်။chae ဆုံးဖြတ်ချက် မှားသွားလို့ ဒီမိသားစုလေးနဲ့ ဝေးမှာ နောက်ပြီး soo ကို ဒီမိသားစုလေးထဲက ဆွဲထုတ်မိမှာ chae ကြောက်တယ်။soo က အခု့ လက်ရှိ အနေအထားလေးမှာ ပျော်နေပြီလေ။chae ကြောင့်တော့ စိတ်မညစ်စေချင်ဘူး။
"chae...chae...စိတ်ဆိုးသွားတာလား?"
chae အပြစ်နဲ့ chae ပဲ။chae ကျေနပ်ပါတယ်။
ကိုယ့်ဆီကို တိုးဝင်လာတုန်းက chae လက်မခံခဲ့မိတာ။အခု့လို အချိန်မျိုးကျမှတော့ သူမ ကို အခက်တွေ့အောင် မလုပ်ချင်တော့ပါဘူး။"မ...မဟုတ်ပါဘူး...chae က ဘာလို့ စိတ်ဆိုးရမှာလဲ?chae တောင်းပန်ပါတယ်"
"ဘာကိုလဲ chae ရဲ့"
"chae စကားတွေက soo အတွက် စိတ်ရှုပ်သွားစေမဲ့ထင်လို့ပါ။ရပါတယ်...soo ရဲ့ အစီအစဥ်အတိုင်းပဲ ဆက်လုပ်ပါ။"
YOU ARE READING
Only One Reason