EP8

7.2K 582 43
                                    

[ᴜɴɪᴄᴏᴅᴇ]

"ဘာလို့ မေးတာလဲ lisa?"

"ဟို​လေ...jennie unnie ပုံစံ​က တစ်ခါတစ်​လေ ချစ်စရာ​ကောင်းပြီး လှ​ပေမဲ့ တစ်ခါတစ်​လေ​တော့ မာ​ကြော​နေတက်တယ်။ဥပမာ သူတစ်​ယောက်ထဲ ရှိ​​နေတဲ့ အချိန်မျိုး​ပေါ့။အဲဒီ အချိန်ဆို ချစ်ဖို့​ကောင်းတယ်။​​နောက်ပြီး တစ်​ယောက်ထဲ ဆော့​နေတဲ့ အချိန်မျိုး။​နောက်ပြီး....."

သူမ နောက်ပြီး​​တွေက များသလို သူမ အပြုံး​တွေကလဲ တစ်ခုခုကို သ​ဘောကျ​နေတဲ့ ပုံမျိုးပဲ။jennie ဘယ်အချိန်တုန်းက ဆော့​နေတာကို သူမမြင်သွားလို့များလဲ။

"နောက်ပြီး ဘာဖြစ်လဲ lisa?"

"နောက်ပြီး သူမ အပြုံး​တွေ​ကောပဲ။"

သူမ မျက်နှာ​ပေါ်က အပြုံး​တွေကိုတော့ သူမ သတိထားမိပုံ မ​ပေါ်။အပြုံး​တွေက ပိုပိုပြီး လှလှ လာတယ်။
jiji သူမ ကို ဘာမှ ပြန်မ​ပြောပဲ အကဲခက်​နေခဲ့တယ်။

ငါ ဘာလို့များ လူတစ်​ယောက်ကို ဒီ​လောက် မွှန်း​နေမိတာလဲ။သူမ အပြုံး​တွေကို ဘာလို့များ မျက်လုံးထဲက မထုတ်နိုင်ရတာလဲ။

"ဟို​လေ lili ! lili က ဒီအတိုင်း သိချင်လို့​မေးတာပါ။ တခြားသ​ဘောမပါပါဘူး။"

"jiji က ဘာများ​ပြောမိလိုက်လို့လဲ lisa?
အဲ​လောက်ထိလဲ ရှင်းပြမ​နေပါနဲ့။"

"hehe မဟုတ်ပါဘူး။ တစ်မျိုးကြီးများ ဖြစ်သွားမလားလို့ပါ။"

"lisa
jen အ​ကြောင်းကို သိချင်ရင် သူကို မေးကြည့်ပါ။ ဒါမှမဟုတ်လဲ သူ နဲ့ ရင်းနှီ​အောင် နေကြည့်ပါ။jiji ပြောပြနိုင်တာတစ်ခုက ဟုတ်ပါတယ်။ jen က တကယ် ချစ်စရာ​ကောင်းတဲ့ မိန်းက​လေး တစ်ဦးပါ။ကျန်တာက​တော့ မင်းဖာသာ မင်းပဲ သူ အ​ပေါ် လေ့လာကြည့်​ပေါ့။"

ဘာလို့များ ဒီ​လောက် ပြတ်ပြတ်သားသား​ပြော​နေနိုင်ရတာလဲ!jennie unnie အတွက် တကယ့် သူငယ်ချင်း​ကောင်းပဲ။သူမ ရဲ့ အ​ကြောင်း​တွေကို သူမ အတွက် လျှိုဝှက်ထား​ပေးနိုင်တဲ့ သူငယ်ချင်း​ကောင်းပဲ။ဒါ​ပေမဲ့ jisoo unnie ကြည့်ရတာ မွန်းကြပ်ပြီး ပင်ပန်း​နေသလိုပဲ။

"မင်း ပြောစရာရှိ​သေးလား lisa?"

"ဟုတ် မရှိ​တော့ပါဘူး"

Only One ReasonWhere stories live. Discover now