EP 4

8K 557 39
                                    

[ᴜɴɪᴄᴏᴅᴇ]

jiji ဆီက အခု့ထိ ပြန်စာ မ​ရောက်​သေးပါ။တစ်ခါမှ အခု့​​လောက်ထိ မကြာဖူး​ပေမဲ့ အခု့ သူမ စာပြန်တာ ကြာ​နေခဲ့တယ်။

သူမ နေမ​ကောင်းတာလား? တစ်ခုခု အဆင်မ​ပြေဖြစ်​နေတာလဲ?

ခဏကြာ​တော့

သူမ ဆီက ဖုန်းဝင်လာခဲ့တယ်။

"hello jen"

"ငါ နေ့လည်ကတည်းက စာပို့​နေတာ​!နင်ဘာ​တွေ လုပ်​နေတာလဲ?"

"sorry pr jen.ငါ အိမ်​ပြောင်း​နေရလို့။"

အိပ်ရာ​ပေါ်က​နေ ချက်ချင်း ထပြီး

"ဟင် အိမ်​ပြောင်းတယ်?နင်ဘယ်ကို ပြောင်းတာလဲ?ဘာလို့ ငါ့ကို ကြိုမ​ပြောတာလဲ jiji?"

အမြဲတမ်း jiji ပြောပြသ​လောက်ပဲ သူမ သိရ​ပေမဲ့၊အခု့လို ​မေးခွန်းအများကြီး​တွေ သူမ မေး​လေ့ရှိတယ်။

"seoul ကို ပြောင်းလားတာ jen"

"တကယ်!Busanက ဘာဖြစ်လို့လဲ?"

jen အ​မေးကို သူမ ပြန်မ​ဖြေပြန်။တိတ်ဆိတ်​နေခဲ့ပြန်တယ်။

"ဒါဆို ကျောင်းက​ကော?"

"ကျောင်းလဲ ပြောင်းရတာ​ပေါ့။နင် စာပို့ထားတာ ဘာလို့လဲ jen?"

"ဒီလိုပါပဲ ဖြစ်​နေကြပါပဲ။နှစ်ဝက်ကြီး ကျောင်း​ပြောင်း​တော့ နင့် သူငယ်ချင်းတွေက​ကော jiji"

"ငါ သူတို့ကို မမက်ဘူး jen.ငါ့မှာ နင်ရှိရင် ရပြီ။နင် ငါနဲ့အတူတူ​ကျောင်းတက်​ပေးနိုင်မလား?"

"ဟင်?ကျောင်းအတူတူ တက်​ပေးရမယ်?ငါတစ်ခါမှ ကျောင်းဆိုတဲ့ အရာကြီးကို မတက်ဖူးဘူး jiji။ဖြစ်နိုင်မယ် မထင်ဘူး။"

သူမ ရဲ့ အချို့​သော စကား​တွေကို jen နားမလည်ပါ။ဒါ​ပေမဲ့ သူမ ဘာကိုဆိုလိုတာလဲ jen မသိချင်ပါ။​မေးလဲ မ​မေးခဲ့မိပါဘူး။

"နင် အိမ်မှာပဲ နေ​နေရတာ မငြီး​ငွေ့ဘူးလား?နင်သာ အပြင်​လေးဘာ​လေးထွက်ပြီး ပျော်​အောင်​နေကြည့်မယ်ဆို နင် စိတ်အတွက်လဲ ကောင်းမယ်လို့ ငါထင်တယ် jen။ငါ နဲ့ အတူတူ လာတက်​ပေးဖို့ တောင်းဆိုပါတယ်။"

"ဒါ​ပေမဲ့ ငါ..."

"ငါ​တောင်းဆိုပါတယ် Jen"

တောင်းဆိုတယ်တဲ့။သူမ ဘယ်​တုန်းကမှ jen ကို အခု့လို မ​​တောင်းဆိုဖူး။jen လိုအပ်​နေချိန်တိုင်းသာ သူမ ရှိ​နေ​ပေးပြီး၊အချိန်​ပေးခဲ့တာ။

Only One ReasonWhere stories live. Discover now