EP 13

6.8K 575 79
                                        

[ᴜɴɪᴄᴏᴅᴇ]

"Unnie ဘယ်လို လုပ်လိုက်တာလဲ...?"

"ဘာလဲ တို့​မေးတဲ့ လက်​ဆောင်ကို မင်း မကြိုက်ဘူးလား?"

"လူတစ်​ယောက်က lili ရှေ့မှာ ဒူး​ထောက်ပြီး အများ​​ရှေ့မှာ အရှက်ကွဲခံတာ လက်​​ဆောင်လား။အဲဒါဟာ လက်​ဆောင်ဆိုရင်​တော့ lili မလိုချင်ဘူး unnie!"

"​နေစမ်းပါအုံး။မင်းက တို့ကို ဘာလို့ အော် နေရတာလဲ?
မင်း​ကြောင့်လဲ တို့ လက်နာသွားပြီ​နော်!"

"လက်နာသွားတဲ့ အတွက်တော့ sorry ပဲ unnie!"

"ဘာလဲ...တို့ က မင်းကို ကူညီတာ​​လေ!"

"မလိုဘူး အဲလို အကူအညီမျိုး lili မလိုအပ်ဘူး။အခု့ကြည့် လူတစ်​ယောက် lili ကြောင့် အရှက်ကွဲသွားပြီ။​နောက်​နေ့ သူ ကျောင်းကို ဘယ်လို လာမလဲ!လူ​တွေက သူ့ကို လှောင်​ပြောင်စရာအရုပ်တစ်ရုပ်လို လုပ်ကြ​တော့မှာ"

"မင်းက သူ့အတွက် ဘာလို့ ပူ​နေရတာလဲ !သူက မင်းကို အရှက်ခွဲခဲ့တဲ့ သူ​လေ!"

"ပူ​နေတာ မဟုတ်ဘူး unnie ! lili ကိုယ်ချင်းစာတာ ။
အခု့ အ​ပြောခံ​နေရတာ lili ပါ။လူ​တွေ​ရဲ့ လှောင်​ပြောင်မှု​တွေက ဘယ်​လောက်ဆိုးလဲ ခံဖူးတဲ့ lili သိတယ်။"

"မင်း appa အတွက်က​ကော..."

သူမ ကို jen နားမလည်​တော့ပါ။jen က သူမ အတွက် ကူညီခဲ့​ပေမဲ့ jen ကိုပဲ သူမ စိတ်ဆိုး​နေခဲ့တယ်။

"lili သူတို့လို လူမဖြစ်ချင်ဘူး!
unnie လည်း အဲလို​တွေ ထပ်မလုပ်ပါနဲ့!
lili အတွက်နဲ့ unnie ကို တခြားသူတွေ မုန်းတာ lili မလိုချင်ဘူး"

"တို့ ထပ်လုပ်မယ်ဆိုရင်​ကော ?"

"unnie...!"

"မင်း တို့ကို အော် စ ရာမလိုဘူး lisa...!
တို့ဖာသာ ထပ် လုပ် လုပ် မ လုပ်လုပ် မင်းနဲ့ မဆိုင်ဘူး!
မင်း သိထားရမှာ တစ်ခုက Jung Min ကို မင်းသနား စရာ မလိုဘူး။သူ မင်း ရှေ့မှာ ဒူး​ထောက်ခဲ့တယ် ဆိုရင်​တောင် သူ မင်းကို တောင်းပန်ချင်လွန်းလို့ လို့ ထင်မ​နေနဲ့!ငွေ​ကြောင့် သူ လုပ်ခဲ့တာ။ကိုယ့်​အောက်က လူ​တွေကို အမြဲ တမ်း အနိုင်ကျင့်တက်တဲ့ သူ့ကို တို့က ပြန်ပြီး အနိုင်ကျင့်​ပေးလိုက်တာပဲ။သူအခု့​တော့ အနိုင်ကျင့်ခံထားရတဲ့ ခံစားချက်ကို သူ ကောင်း​ကောင်း နားလည်သွား​​အောင် တို့ လုပ်​ပေးလိုက်တာ။​နောက်ပြီး မင်း ကိုယ့်ကိုကိုယ်သာ စိတ်ပူ​နေပါ။သူမ က မနက်ဖြန် နိုင်ငံခြား သွား​တော့မှာ။မင်းထက် သူ အများကြီး ဥာဏ်​ပြေးတယ် lisa!သူ ထိခိုက်နိုင်မဲ့ နေရာမှာ သူကြာကြာ နေမှာ မဟုတ်ဘူး။မင်းသာ တုံး​နေတာ"

Only One ReasonWhere stories live. Discover now