[ᴜɴɪᴄᴏᴅᴇ]
"အကျင့်မကောင်းဘူး။ထားခဲ့တယ်။နေ့လည်က ကိစ္စကော အခု့ ထားခဲ့တာကော ပြန်တိုင်းမယ်။ ဘာမှန်းလဲ မသိဘူး။"
"ကဲပါ chae လေးရယ် ။ jiji နဲ့ အတူတူ ပြန်ရအောင်
ဘာလဲ chae က jiji နဲ့ အတူတူ မပြန်ချင်လို့လား"
"မဟုတ်ပါဘူး unnie ကလဲ။ပြန်မယ် လာ"
jiji လက်ကို ဆွဲပြီး သူမ က အရှေ့က။လမ်းလျှောက်တာလေးက အစ ကလေးလေးလိုပါ။
.
.
.
.
unnie ကို lili မှီအောင်လိုက်ပေမဲ့ အတူတူတော့ မလျှောက်ရဲပါ။သူမ အနောက်ကနေပဲ သူမ ကို ကြည့်ရင်း လိုက်နေမိတယ်။တစ်ယောက်ထဲ bus မစီးတက်တဲ့ သူမ က lili လိုက်ပို့မယ်ဆိုတော့ မလိုဘူးတဲ့။
ဂိတ်ကို ရောက်တဲ့အထိ စကားကမပြော။အချိန်ကလည်း ည ၉ နာရီနား ကပ်နေတော့ bus ကားတွေကလည်း အလာ ကျဲနေခဲ့ပြီ။
"unnie ခန နေ ကားလာတော့မှာ "
နားကြပ်ကို တပ်ပြီး lili ပြောတာကို မကြားချင်ယောင် ဆောင်နေတော့ lili လည်း ဆက်မပြောဖြစ်ခဲ့ပါ။
ခဏကြာတော့ ကား ရောက်လာခဲ့တယ်။တခြားသူတွေက တက် နေပေမဲ့ သူမ ကတော့ နည်းနည်းလေးမှ မလှုပ်။ဒီကားနဲ့ လိုက်ရမယ်ဆိုတာ မသိဘူး ထင်ပါရဲ့။သူမ ကို စ ချင်တာနဲ့ lili ပါ မလိုက်ပဲ နေလိုက်မိတယ်။
ခနနေ ကားလာမယ်ဆိုပြီး စောင့်နေရတာ နာရီ ဝက်လောက်ရှိနေပြီ။ခုနက ကားများလား?မဟုတ်လောက်ဘူးထင်တယ်။ခုနက ကားသာဆို သူမ jen ကို ပြောမှာပေါ့။
အချိန်တွေကြာတာနဲ့ပဲ jen စကား ပြောလိုက်မိတယ်။
"lisa မင်းပြောတော့ ခနနေ ကားလာမှာဆို"
"အွမ်းလေ ခုနက ပဲ သွားပြီလေ"
"ဘာ....!"
သူမ တမင် လုပ်တာလား?
"ဟုတ်တယ်လေ lili ပြောသားပဲ ။unnie မှ မကြားတာ နားကြပ်ကြီး တပ်ပြီးတော့"
"မင်း အပိုတွေ မပြောနဲ့။တို့ နားကြပ်ကဖွင့်ထားတာ မဟုတ်ဘူး။မင်း တို့ကို ဘာမှ မပြောဘူး"
"ဟဟ...သိသားပဲ.."
မျက်နှာက ပြောင်စပ်စပ် နဲ့။နေ့လည်က သူ မဟုတ်တဲ့ အတိုင်းပဲ။jiji နဲ့ ပျော်တဲ့ အပျော်တွေ အခု့ထိ မကုန်သေးတာလား!
YOU ARE READING
Only One Reason