EP 12

6.7K 559 43
                                        

[ᴜɴɪᴄᴏᴅᴇ]

"Ya lisa.. မ​နေ့က နင် ဘယ်​တွေ သွား​နေတာလဲ?ငါ appa ကို ဆေးရုံပို့ပြီး ပြန်လာ​တော့ နင် မရှိဘူးတဲ့။"

"အွမ်း ဟုတ်တယ်။jennie unnie ဆီ သွားတာ။"

လမ်းတစ်​လျှောက် ကျောင်းဝတ်စုံ​တွေ နဲ့ တီးတိုး​ပြော​နေတဲ့ သူတို့နှစ်​ယောက်

"အော်...ဒါနဲ့ ငါ ကျောင်းပိတ်ရက်​​တွေ မအား​​တော့ဘူး။appa ကို အလုပ်ကူရမှာ မို့လို"

"အမယ်...ငါ့ သူငယ်ချင်း​လေး​တောင် အလုပ်လုပ်​​တော့မယ် ဆိုပဲ။appa ကော သက်သာလား?"

တ​ဖြေး​ဖြေး လျှောက်လာရင်း bus gate ကို​တောင် ရောက်ခဲ့ပြီ။bus က နည်းနည်း​လို​သေး​တော့ နှစ်​ယောက်သား Gate မှာ ထိုင်ရင်း ပြောလက်စ အ​ကြောင်းအရာကိုပဲ ဆက်​ပြောဖြစ်ခဲ့သည်။

"အွမ်း...သက်သာတယ် လို့​ပြောတာပဲ။ဒါ​ပေမဲ့ appa က အားမရှိသလိုပဲ။"

"ဟုတ်လား..ငါ eomma ကို အားရှိမဲ့ အစားအစာ တစ်ခုခု ချက်ခိုင်းလိုက်မယ်​လေ။မနက်ဖြန်"

"hehe ဟုတ်တယ်။ငါလဲ eomma ကို ချက်ခိုင်းမလို့ ပြောဖို့​ပေး​နေတာ။အခု့​တော့ နင်ပဲ ပြောလိုက်​တော့"

သူမ ကို ကြည့်ရင်း ခေါင်းခါမိတယ်။အ​ရေးကြီးတဲ့ အရာကို​တောင် မေ့​မေ့​လျော့​လျော့နဲ့။

"ဟာ...unnie....!"

lili ရဲ့ တခြား တစ်ဖက်ကို ကြည့်ရင်း chae လှမ်း​ခေါ်လိုက်တဲ့ နာမည်​ကြောင့် lili လှည့်ကြည်လိုက်မိတယ်။

chae ကလည်း unnie ကို ဆီ​ပြေးသွားပြီး lili တို့ ထိုင်​နေတဲ့နေရာ​လေးအထိ ခေါ်​လာခဲ့တယ်။

"မင်္ဂလာပါ unnie"

"omm..."

အေးစက်စက်နဲ့ ပြန်​ပြောတဲ့ သူမ စကား​တွေက စိတ်မပါသလိုဖြစ်​နေခဲ့သည်။

"unnie ထိုင်​​လေ"

"ရပါတယ်။ chae ထိုင်​လေ။"

"လာပါ unnie ရဲ့ နှစ်​ယောက်လုံး ထိုင်လို့ရတာပဲဟာ။ခုံတန်းကလည်း အရှည်ကြီးဟာ"

jiji လာကတည်းက သူတို့နှစ်​ယောက်ကို တွဲမြင်လို့ ပြန်ပြီး လှည့်ထွက်မလို့ လုပ်​နေပါတယ်ဆို အခု့​တော့  chae ကြောင့် သူတို့ နှစ်​ယောက်​ဘေးမှာ ဝင် ထိုင်​နေရပြန်ပြီ။

Only One ReasonWhere stories live. Discover now