EP 31

6.1K 499 108
                                        

[ᴜɴɪᴄᴏᴅᴇ]

တစ်လမ်းလုံး ငိုပြီး ဘာမှ မ​ပြောပဲ သူမ လက်​တွေ အေးစက်တုန်ရီ​နေခဲ့တယ်။သူမ ခေါ်လာတာ ဆေးရုံကိုပါ။

chae လက်ကိုဆွဲပြီး ခေါ်လာတဲ့ သူမ က အခန်းတစ်ခန်း​ရှေ့မှာ​​တော့ ရပ်သွားခဲ့တယ်။chae ရဲ့ လက်​တွေကို လွှတ်ပြီး သူမ က ကျောက်ရုပ်လို ရပ်​နေခဲ့တယ်။သူမ ဘာ​တွေ လုပ်​နေခဲ့တာလဲ chae နားမလည်နိုင်​တော့ပါဘူး။

"lisa ya! ဘာဖြစ်လို့လဲ?ဘာလို့ ငါ့ကို ဒီကို ခေါ်လာတာလဲ?နင်​က​ကော ဘာဖြစ်​နေတာလဲ?"

"............"

သူမ မျက်ရည်တွေ​ကြောင့် chae ရင်​တွေ လေးလာခဲ့တယ်။ဒီအခန်း​ရှေ့မှာ ရပ်​နေရင်း chae ငို ချင်လာခဲ့တယ်။

"ငါ မေး​နေတယ်​လေ!စာ​မေးပွဲရှိ​သေးတဲ့ ဟာကို ဒီကို ဘာလာလုပ်တာလဲ?"

"..........."

"တော်ပြီဟာ နင် ဘာမှ မ​ပြောရင် ငါပြန်​တော့မယ်။"

"chae"

lili ဘယ်လိုများ ပြောထွက်မှာလဲ?ဒီအခန်းထဲမှာရှိ​​နေတာ နင့် appa!အခု့ လောကကြီးထဲမှာ မရှိ​တော့ဘူးလို့ lili သူမ ကို ဘယ်လိုလုပ် ပြောထွက်နိုင်မှာလဲ?

အခန်းတံခါးကို ဖွင့်​ပေးပြီး သူမ ကို အခန်းထဲကို ခေါ်လာခဲ့တယ်။

"appa!eomma တို့​ရောက်​နေတယ်။ဒါ ဘယ်သူလဲ?"

eomma တို့ကပါ ငို​နေခဲ့တယ်။ခုနက​တော့ eomma ရဲ့ ကွယ်ပြီး လူနာကို မမြင်ခဲ့မိဘူး။

eomma က chae ကို မြင်ရ​အောင် ဖယ်​ပေးခဲ့တယ်။

"appa?"

ကုတင်​ပေါ်က လူနာက appa!
မဖြစ်နိုင်ဘူး။မဟုတ်ဘူး။chae appa ကို လွမ်းပြီး အမြင်မှား​နေတာ။

chae ရင်ထဲမှာ ကျပ်သိပ့်ပြီး မျက်ရည် မကျခဲ့ဘူး။

"ya ya!lisa ya လုပ်ပါအုံး။ငါ..ငါ..appa ကို အရမ်း လွမ်းလို့ ထင်တယ်။ဒီ ကုတင်​ပေါ်က လူကြီးကို appa လို့ မြင်​နေမိတယ်။"

"chae လေး...သမီး..."

"ဟင့်အင်း !မဟုတ်ဘူးမို့လား?အဲဒါ appa မဟုတ်ဘူးမို့လား?"

ကူရာမရ,lili ရဲ့ အိင်္ကျီလက်စ ကို ဆွဲပြီး သူမ အားကိုးတကြီးနဲ့ lili ဆီက မဟုတ်ဘူးဆိုတဲ့ အ​ဖြေကို မျှော်လင့်​နေခဲ့တယ်။

Only One ReasonWhere stories live. Discover now