[ᴜɴɪᴄᴏᴅᴇ]
"အေးလေ...အားလုံးက ဝိုင်းပြောနေကြတာဆိုတော့လဲ jen ခွင့်လွှတ်ရမှာပေါ့။ခွင့်လွှတ်တယ် carter"
NiNi ဘက်က မ စ တော့ရင် ဒီပတ်သတ်မှုက ပြီးနေပြီလေ။ဘာလုပ်တာလဲ NiNi ရာ....
"Thank you jen...!
စိတ်ချပါ။နောက်ကို အဲဒီလို ဘယ်တော့မှ မလုပ်တော့ဘူး""jennie ငါ တို့နဲ့ လိုက်ခဲ့မလား?J bar ကို သွားမလို့"
"ဟို...."
"ဒီနေ့တော့ NiNi လိုက်ဖြစ်မယ် မထင်ဘူး။ငါတို့နဲ့ သွားစရာ ရှိတယ်။"
"hay....!ငါ တို့က jen ကို မေးနေတာနော်။Not you!"
"ဒီမှာ...ဘယ်သူကိုပဲ မေးမေး....!
NiNi ကို ငါပိုင်တာ။ငါ့မှာ ပြောခွင့်ရှိတယ်။""What...!"
lili နားကို အရမ်း နီးကပ်လာတဲ့ Carter ကို jen တားလိုက်မိတယ်။သူတို့ အငြိုးထားရင် lili အတွက် မလွယ်နိုင်ဘူး။
"Carter....
Carter....!""ဘာလဲ jen...!သူက ဘာလို့ မင်း ကို သူ့အပိုင်လို ပြောနေရတာလဲ?မင်းတို့က les တွေလား?"
"ဟုတ်...."
"အော်....ထားလိုက်ပါ Carter ရယ်!
သူ့ဖာသာ ဘယ်လိုပဲ ပြောပြောပေါ့။အဲဒါက အရေးမကြီးပါဘူး။"ဘာလို့လဲ NiNi...!lili တို့ရဲ့ ပတ်သတ်မှုကို အသိမခံနိုင်အောက်လောက် သူက NiNi အတွက် အရေးပါနေတဲ့ သူလား?
"ဒါပေမဲ့ jen ဒီနေ့တော့ မလိုက်နိုင်ဘူး Carter....
နောက်နေ့ကျမှ သွားကြတာပေါ့။Emma နဲ့က ချိန်းပြီးသား ဖြစ်နေလို့။
Carter ဆိုင်ထဲမှာ လူတွေဝိုင်းကြည့်နေတယ်နော်။""ကောင်းပြီလေ။jen ပြောလို့နော်...ကိုယ်သွားမယ်။"
lili ရဲ့ မျက်လုံးတွေကို သေချာစိုက်ကြည့်နေခဲ့တယ်။သူ့ရဲ့ မျက်လုံးတွေထဲမှာ တစ်ခုခုက တစ်ခုခုကို သတိပေးနေသလိုပါပဲ။
lili လဲ သူ ဘယ်လို လူမျိုးပဲ ဖြစ်နေ ဖြစ်နေ။NiNi နဲ့ ပတ်သက်လာရင် ဘယ်လို အရာကိုမှာ အရှုံးပေးလို စိတ်မရှိဘူး။
"lisa.....!မင်း ကို ငါဘာပြောထားလဲ?မင်း ကို ဝင်မပါဖို့ ပြောထားတယ်လေ!"
YOU ARE READING
Only One Reason