EP 42

8.9K 584 41
                                        

[ᴜɴɪᴄᴏᴅᴇ]

"e....e......အရမ်းချစ်တယ် lili...!
NiNi ကို ထပ်ပြီး​တော့ မထားခဲ့ပါနဲ့​​တော့​နော်...
Ni...NiNi ,lili နဲ့ ထပ်ခွဲပြီး အသက်မရှင်နိုင်​​တော့ဘူး။"

"NiNi....ရယ်...."

.
.
.
.
.
.
.
"Carter...!
lisa ဆိုတဲ့ တစ်​ယောက် အရမ်း ရှုပ်​နေတယ်​နော်။​ဆေးကို လွယ်လွယ်မသုံးနဲ့!"

"အေးပါကွာ...ငါလဲ အဲဒီ တစ်​ယောက်ကို ကြည့်မရဖြစ်​နေတာ။အခွင့်ကြုံရင် ရှင်းပြစ်ရမယ်။သူ ရှုပ်​နေတာ​တွေ များပြီ။"

"အေး...jennie က အရင်ကလို မဟုတ်ဘူး။မင်းကို ရှောင်​နေသလိုပဲ။အဲဒါ​တွေ အားလုံး ဟို တစ်​ယောက် ရောက်လာလို့ ဖြစ်ရတာ။"

"ဟက်....."

"မင်း ပြုံးမ​နေတဲ့ Carter!
မင်း jennie ကို အဲဒီ​လောက်​တောင် ကြွေသွားတာလား?ပိုင်ဆိုင်ရမှ ဖြစ်မှာလား?ဖြစ်နိုင်ရင် တခြား တစ်​ယောက်​ပြောင်းစမ်းပါကွာ!"

"ကျစ်....နေစမ်းကွာ!
ငါက ဘာလို့ ကြွေရမှာလဲ!အေး...ဒါ​ပေမဲ့ မပိုင်ဆိုင်လို့လဲ မဖြစ်ဘူး။ငါ့လက်ထဲ ရောက်မှကို ဖြစ်မှာ!"

"မင်း ပြောတာ​တွေ ငါ နားမလည်​​တော့ဘူးကွာ!"

"မင်း နားလည်စရာ မလိုဘူး။လို​နေချိန် ကူညီရင်ပဲ ရပြီ"

"စိတ်ချ Carter.
ငါတို့က မင်း ဘက်ကပဲ"

.
.
.
.
.
.
.
.
.
"NiNi မငိုနဲ့​တော့​နော်.."

"ချစ်လား...?"

သူမ မေးခွန်းကို lili သ​ဘောကျစွာ ပြုံးလိုက်မိတယ်။

"ဖြေ​လေ....မေး​နေတာကို"

"lili စဥ်းစား​နေတာပါ"

"အဲဒါ​လေး ဖြေဖို့ကိုတောင် စဥ်းစား​နေရတယ်လား lisa!"

lili ရင်ခွင်ထဲမှာ lili ကို ဆိုးနွဲ့​နေတဲ့ သူမ က တခြားတစ်​ယောက်လိုပါပဲ။

"မဟုတ်ပါဘူး NiNi ရယ်...
lili စဥ်းစား​နေတာက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ ပြည့်စုံပါ့မလား လို့ပါ။အဲဒီထက် လေးနက်တဲ့ စကားလုံးများ ရှိများလို့ စဥ်းစား​နေမိတာပါ။"

သူမ ရှက်သွားခဲ့တယ်နဲ့ တူတယ်။lili ကို ဖက်ထားတဲ့ သူမ လက်​တွေကို ပိုမိုတင်းကျပ်ပြီး lili ရဲ့ ရင်ခွင်ထဲမှာ သူမ ရဲ့ မျက်နှာ​​လေးကို ဝှက်ထားပြန်တယ်​လေ။

Only One ReasonWhere stories live. Discover now