EP 24

6.6K 518 94
                                        

[ᴜɴɪᴄᴏᴅᴇ]

"appa!eomma !"

အိပ်​နေကြပြီလား မသိဘူး?

"appa ထိုင် ထိုင်"

appa ကို ဧည့်ခန်းမှာ ထိုင်ခိုင်းပြီး

"eomma တို့​ရေ...!အိပ်​နေကြပြီလား?
လာကြပါအုံး"

chae ကြွားချင်တာ​​ပေါ့။appa ပြန်လာလို့ ပျော်​နေတဲ့ အ​ပျော်​တွေကို မြင်​အောင် ပြချင်တာ​ပေါ့

"သမီး...ထားလိုက်ပါ။အိပ်​နေ​လောက်ပြီထင်တယ်။"

"ဟာ...မဟုတ်​သေးပါဘူး!
အရင်​နေ့​တွေက ဒီအချိန် မအိပ်​သေးပါဘူး"

"အေးပါကွယ် အေးပါ။အဲဒါဆိုရင်လဲ appa ကို ရေတစ်ခွက်​လောက် အရင်​ပေးပါကွယ်"

"ဟုတ်....ခန"

appa ဖို့ ရေထည့်​ပေးပြီး ပေးမလို့ လုပ်​နေတုန်း
eomma တို့က chae အသံ​ကြောင့် ထွက်လာတယ်ထင်ပါရဲ့!

"chae...ဘာဖြစ်လို့ အော် ခေါ်​နေတာလဲ?
eomma တို့က အိပ်​ပျော်​နေတာ"

"appa ပြန်​ရောက်​နေပြီ"

chae က ဝမ်းသာအားရ ပြော​နေ​ပေမဲ့ eomma တို့က​တော့ ဝမ်းသာတဲ့ ပုံလဲ မ​​ပေါ်ပါဘူး။ပုံမပြတ်​နေ​နေ​ပေမဲ့ သိသာပါတယ်။

"သူငယ်ချင်း မင်း ဘယ်လို ရောက်"

အံ့သြပြီး စကားမှားမလို ဖြစ်တဲ့ appa ကို လက်နဲ့ တို့ပြီး eomma က သတိ​ပေးခဲ့တယ်။

"ဟို...မင်း ဘယ်တုန်းက ပြန်​ရောက်တာလဲ?"

"ဟုတ်သားပဲ chae က မျှော်​နေတာ!
chae လေးသနားပါတယ်။"

appa ဘေးနားကပ်ထိုင် ၊ appa လက်က​လေးကို ကိုင် ပုခုံး​ပေါ်​လေးကို မှီပြီး

"တွေ့လား​!eomma တို့​တောင်သိတယ်။chae က
appa ကို ဘယ်​လောက်လွမ်းလဲဆိုတာ!appa က​တော့ ဖုန်းဆက်ဖို့​နေ​နေသာသာ ဖုန်း​တောင် မကိုင်ဘူး"

chae တို သားအဖ ကို ကြည့်​​နေတဲ့ eomma တို့ မျက်လုံး​ထဲမှာ မျက်ရည်အဝိုင်းသားနဲ့။

"မဟုတ်ပါဘူး သမီး​လေးရယ်။appa သွားတဲ့ ဆီက ဖုန်းလိုင်း မမိဘူးကွဲ့ !ကိုင်လဲ သေချာ မကြားရဘူး
နောက်ပြီး appa မအားလို့ပါကွယ်"

Only One ReasonWhere stories live. Discover now