အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၀၇ ဝင်ခွင့်ကို အောင်မြင်သွားခြင်း
နန်ကုန်းကျင်းက ပင့်သက် ရှိုက်လိုက်ရင်း မျက်ခုံးပင့်ကာ စိတ်မရှည်သလို ပြောသည်။
ဘာပဲဖြစ်ဖြစ် နင်က ကျောင်းသားသစ်ပဲလေ။ မဟုတ်ရင် နင့်အတွက် မမျှတဘူး ဖြစ်သွားမှာပေါ့။ ကျောင်းစဖွင့်ကတည်းက ငါ နင့်ကို အခွင့်အရေးပေးပြီးသားနော် နင်သဘောကျမှာပါဒီကေလးက လဝက်လောက်က သူ့ကို ကြီးကြီး မားမား ဆုံးရှုံးစေလိမ့်မယ်လို့ ထင်နေတာပဲ။
သူမက ဒီကေလးကို အတော် သေဘာက်တာမို့ သေချာ ဆက်ဆံပေးဖို့ တွေးလိုက်သည်။ ဒါ့အပြင် ဦးလေး မာလင်ကို သူမ ကတိပေးခဲ့တဲ့ စကားအရ သူမ အခုလို ပြောတာက မှန်ကန်ပါ၏။
ဟူး။
သူမ အဲ့ဒီစစ္ပြဲကို တကယ်ပဲ မသွားချင်ဘူး။နန်ကုန်းကျင်း ပင်ပန်းနေပြီဖြစ်ကာ စစ္ပြဲကို ရှောင်ချင်ပေမယ့်လည်း ရှောင်နိုင်လိမ့်မည် မဟုတ်ပေ။
လုဇွီရဲ့မျက်လုံးတွေ တောက်ပသွား၏။
သူမ ဆိုလိုတာက သူ့အတွက် အခွင့်အရေး တစ္ခုခု ရွိတယ္လို့လား။လုဇြီ သိချင်စိတ် ပြင်းပြလာခဲ့သည်။ လူတိုင်းက လုဇြီကို မနာလိုသလို ကြည့်လိုက်ကြ၏။
သူက တိုက်ပွဲနယ်မြေတွင် စစ်အမှတ်တွေ ရှာနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ပေမယ့် နန်ကုန်းကျင်းက အခွင့်အရေးတစ်ခု ပေးမယ်လို့ ရှင်းလင်းစွာ ပြောနေခဲ့သည်ပေ။ ဒါက သေချာပေါက် ဘက်လိုက်ခြင်း ဖြစ်ပါ၏။နန်ကုန်းကျင်းက လင်းလင်နဲ့ အခြားသူတွေကို ကြည့်လိုက်သည်။
တိုက္ပြဲ နယ်မြေဆိုတာက မင်းတို့လို ကျောင်းသူကျောင်းသား အသစ်တွေအတွက်တော့ မသင့်တော်ဘူး။ မင်းတို့တွေ အိပ်ကျူကို ပြန်လို့ရတယ်။ အဲ့ဒီရောက်မှပဲ အကြောင်း ကြားလိမ့်မယ်။ မင်းတို့ရဲ့ ပညာရေး အမှတ်တွေကတော့ ပုံမှန်ရမှာထက် သုံးဆရမယ်လူတိုင်း ပျော်ရွှင် သွားကြသည်။
သူတို့ ထိုသို့ရမယ္လို့ မမျှော်လင့် ထားကြပေ။ စစ်အမှတ်က နည်းနေရင်တောင်မှ ပညာရေး အမွတ္က ထိုမျှရတာနဲ့တင် တန်နေပြီလို့ ဆိုရပေမည်။
တိုက်ပွဲနယ်မြေက အလွန် အန္တရာယ် များပေသည်။ သူတို့လို ကလေးတွေသွားပြီး ဘာမွ မလုပ်နိုင်မှာနဲ့ အတူတူ အိပ်ကျူကို ပြန်လိုက်တာက သူတို့အတွက်ကောင်းပေသည်။