အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၂၂ အကို နင်တော့ သေပြီ
ဇြီ မင်း အထဲမွာ ရွိရဲ့လား။ မင်း အပြင်မထွက်တာ ခုနှစ်ရက်တောင် ကြာပြီနော်။ မင်း အဆင်ပြေရဲ့လား
အိပ်မက်ထဲ ရောက်နေတဲ့ လုဇြီက လန်းရဲ့ အားမ၇ှိသလို ခပ္တိုးတိုး အသံသေးသေးလေးကို ကြားလိုက်ရလေသည်။ ထို့နောက် အခြားလူတွေရဲ့ ရယ်သံကိုလည်း ကြားရသည်။
ဟီးဟီး သူ ဘာလို့ ကြိုးစားနေလဲ ငါသိတယ်
ဘာလို့လဲ
ဘာလို့ရမွာလဲ လင်းလင် သူ့ကို နိုင်သွားပြီး အရိုက်ခံရမှာ စိုးလို့ နေမှာပေါ့
ဟုတ္သလိုလိုပဲ
ငါလည်း ဒါ ဖြစ်နိုင်တယ်လို့ ထင်တယ်
ငါကေတာ့ ဇြီက အမြဲတမ်း ကြိုးစားတယ်လို့ ထင်တာပဲ
လုဇြီ:..
ယဲ့မူဆိုတဲ့ ကောင်က လေပေါ် ပျံတက် ချင်နေတာပဲ။ ငါ ကန်ပေးမှ ဖြစ်တော့မယ်။
သူက လင်းလင်ကို ကြောက်တယ်ဟုတ်လား.. ဟာသပဲ သူက ဒီလောက် စွမ်းအားကြီးနေတာလေ။သူ ထထိုင်ကာ ခေါင်းပွတ်လိုက်သည်။ အကြာကြီး အိပ်ထားခဲ့လို့လားတော့ မသိ သူ့ခေါင်းက ကြည်လင်နေခဲ့ပြီ။
သူ ပိုပြီး စွမ်းအားကြီး လာသလိုပဲ။ ဒါပဲလေ သူက မွေးရာပါ ပါရမီရှင်ကိုး။ထိုအခိုက် တံခါးခေါက်သံကို ထပ်ကြားလိုက်၇ပြန်သည်။
ဇြီ မင်းရှိနေလားအင်း ငါ ထွက်လာခဲ့မယ်
ညဘက် ရောက်တဲ့အထိ စောင့်ပြီး ခွန်အားတွေကို စစ်ဆေးဖို့ သူ ဆုံးဖြတ်လိုက်သည်။ ထိုအကြောင်းကို တွေးပြီးတာနဲ့ အိပ်ယာမှ ထကာ အပျင်းကြော ဆန့်လိုက်သည်။ အရိုး အက္သံ တကျွတ်ကျွတ် ထွက်လာ၏။ထို့နောက် တံခါးသွားဖွင့်လိုက်သည်။
လန်းကို သူ အရင်ဆုံး တွေ့ရသည်။ လုဇြီ အဆင်ပြေနေတာကို မြင်မှ လန်းက စိတ္သက္သာရာ ရသြားပုံရ၏။
ဧည့်ခန်းထဲတွင်တော့ ရွာဗီရာ၊ ယဲ့မူနဲ့ ရွှမ်းယွီချီ၊ ထျန်းယွမ် ချန်းဟွာနဲ့ ဂျက်ဆီကာတို့တွေ အားလုံး ထိုင်နေကြသည်။ သူတို့က လုဇြီ ထြက္လာတာ မြင်တော့ ပြုံးပြကြသည်။