အပိုင်း ၂၉၈ နင်က ဘာလို့ ယင်ယင့်ကို ထိလို့ရတာလဲ
လု၀မ်နှင့် ဖူရွုယာတို့ အလုပ်သွားသည့်အခါ လုလီနှင့် အဲလစ္တို့ ကျောင်းသွားကြလေပြီ။ လုဇွီသည်လည်း အခန်းသို့သာ ပြန်ပြီး လေ့ကျင့်လေတော့သည်။
နေ့လည်စာ စားချိန်တွင် သူ အောက်ထပ်သို့ ဆင်းလိုက်သည်။ ထိုအခါ မာလင်သည် သူ့အတွက် ဝိဉာဉ်စားစရာတို့အား စားပွဲအပြည့် ပြင်ဆင်ထားသည်ကို တွေ့လိုက်ရလေတော့သည်။ လုဇြီ၏ မျက်၀န်းတွေ တောက်ပသွားသည်။ ထိုအရာက အံ့အားသင့်စရာ ကောင်းလှ၏။
မာလင်သည် လုဇြီ အောက်ထပ်သို့ ဆင်းလာခြင်းအား မြင်သည့်အခါ တောင့်တင်းသည့် အမူအယာဖြင့် ပြောလာလေသည်။
လာ ဒါက သေမျိုးဆင့်ကဲ ပြောင်းလဲခြင်းအဆင့် ဝိဉာဉ်စားစရာတွေပဲ၊ ဒါတွေက မင်းအတွက် သင့်တော်တယ်မာလင်၏ မျက်နှာသည် လုဇွီအတွက် ရယ်ရွှင်ဖွယ် ကောင်းနေခဲ့သည်။ ဦးလေးမာလင်ဟာ သူ့အတွက် ချက်ပြုတ်ချင်စိတ် မ၇ှိသော်လည်း ချက်လိုက်ရသည်။ ထိုခံစားခ်က္ကား အတော် ဆိုးရွားလောက်ပေသည်။သို့သော်ငြားလည်း လုဇြီ စိတ်လှုပ်ရှားလာရသည်။ သူ ပြုံးပြီး ပြောလိုက်၏။
ကျေးဇူးတင်ပါတယ် ဦးလေးမာလင်
ခပ်တောင့်တောင့် အသံဖြင့် မာလင် ပြန်ဖြေလာသည်။
ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူးနောက်ထပ် တစ်ကြိမ်ရှိလာပါက သူ ထိုကောင်လေးအတွက် ဘားတစ်ခုပင် ဖွင့်ပေးရလောက်သည်။ သို့သော် သူ အကြိမ်တိုင်း ရှုံးလိမ့်မည်ဟု သူ မယုံပေ။
.
နေ့လည်စာ စားပြီးနောက် မာလင်သည် လုဇြီအား ကြည့်ကာ ပြောလိုက်သည်။
ကေလး မင်း တိုးတက္တာက သိပ်မြန်နေတယ်၊ အခြေခံကောင်းဖို့ကိုလည်း အာရုံစိုက်ဦးနော်၊ မစ်၇ှင်းတွေလုပ်တဲ့အခါလည်း သတိထားဦးထိုစကားတို့ကို ကြားသည့်အခါ လုဇြီ ခေါင်းငြိမ့်ပြလိုက်သည်။
အင်း မစိုးရိမ်ပါနဲ့ ကျွန်တော် ဂရုစိုက်မှာပါ။ စိုးရိမ်ပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်မာလင် နှာခေါင်းရှုံ့လိုက်သည်။
ငါက မင်းသေသွားရင် အဲလစ် ဒုက္ခရောက်မှာကိုပဲ စိုးရ်ိမ်တာ