အပိုင်း ၃၁၁ လမ်းတွင် ဒဏ္႑ာ၇ီ ဖန်တီးခြင်း
အယောက် တစ်သောင်းကျော်သည့် ကုလာပြည်သူတို့သည် ပထမပိုင်း စကားတို့ကို ကြားကြသည့်အခါ ကြောင်သွားကြလေသည်။ သူတို့ နားမလည်ကြပေ။ သို့ရာတွင် စကားတစ်ခွန်းလုံး ကြားပြီးချိန်တွင် သူတို့၏ မျက်လုံးတွေသည် တောက်ပလာတော့သည်။
စစ္နတ္ဘုရားဟု သူတို့၏ နတ္ဘုရားက စေညွှန်းလိုက်သည်။ ထိုစကားသည် အလွန် စွမ်းအားကြီးမည့်ပုံ ရလေသည်။ ထိုစစ်နတ်ဘုရားသည် နတ္ဆိုးတို့အား နှိမ်နင်းနိုင်ကြောင်း ဆိုသည့်အခါ သူတို့ ယုံကြည်ရန် ရွေးချယ်လိုက်ကြသည်။
ထိုအခိုက် တောင့်တင်းသန်မာကာ အရပ်ရှည်သည့် ကုလာ ပြည်သူ အမျိုးသား တစ်ယောက်သည် နောက်ဘက်၇ှိ သူ၏ လူတို့အား ကြည့်ကာ အရှိန်မြန်ရန် ပြောလိုက်သည်။ သူတို့ အချိန်တခဏသာ တောင့်ခံရန် လိုအပ်သည်။
လီနှင့်လုစီတို့သည် သူတို့၏ ဆရာအား ကြည့်ကာ ပြောလိုက်သည်။
ဆရာ ဒီလိုစကားတွေ ပြောရတာ မ၇ှက်ဘူးလားခရစ္က ပြုံးသည်။
ရှေးကျတဲ့ ဒီလူတွေက ဗဟိုအစိုးရလောက် မဖွံ့ဖြိုးဘူး။ နတ္ဘုရားလို့ သုံးမွ သူတို့ကို ရှင်းပြရလွယ်မှာ။ ပြီးတော့ သူတို့နဲ့ ယှဉ်ရင် ငါတို့က နတ်ဘုရားတွေနဲ့ မတူဘူးလား။ ငါတို့က အသက်၇ာကျော် နေနိုင်ကြတယ်။ စွမ်အားလည်း ကြီးတယ်။ သူတို့ မလုပ်နိုင်တာတွေကို ငါတို့ လုပ်နိုင်ကြတယ်။ သူတို့ရဲ့အမြင်အရ ငါတို့က နတ်ဘုရားတွေပဲ။ မြေကမ်ဘာခေတ်က နတ္သမီး ပုံပြင်တွေလိုပေါ့။ ဒီနည်းနဲ့မှပဲ ပြည်သူတွေကို ကယ်နိုင်လိမ့်မယ်လီနှင့် လူစီတို့ သူ ရှင်းပြသည့် စကားတို့အား ကြားလိုက်ရသည့်အခါ တိတ်ဆိတ်သွားကြတော့သည်။ ထိုအချိန်တွင် သူတို့နှင့် ယှဉ်နိုင်လောက်သည်အထိ ထိုပြည်သူတို့ ခပ်မြန်မြန် ပြေးလာကြသည်။ သို့သော် အမြန်နှုန်းကတော့ဖြင့် နိမ့်ကျနေဆဲပင်။ ဆယ်မိနစ်ကြာသော်..။
ဝေါင်း။
ထိုအခိုက် ပြင်းထန်ကာ ကျယ်လောင်လွန်းလှသည့် အသံကြီးသည် မြောက်ဘက်မှ ထြက္လာ၏။ ထိုအသံသည် ကျယ်လွန်းလှသဖြင့် ကုလာပြည်သူတို့ တုန်ယင်သွားကြတော့သည်။