အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၄၂ သူတော်စင်ဟောင်း
လုဇြီရဲ့စကားကို ကြားတော့ လင်းလင် စိတ်ဆုံးဖြတ်လိုက်သည်။
ငါ ယူမယ်ထို့နောက် သူမက ပြောသည်။
ငါ တတ်နိုင်သမျှ မြန်မြန် ပြန်ပေးနိုင်အောင် လုပ်မယ်သူမရဲ့မျက်နှာက နီရဲ နေခဲ့သည်။ လုဇြီ ပြုံးလိုက်၏။
အင်း အလုပ် ကြိုးစားပေါ့ထို့နောက် လုဇြီက ဖုန်းကိုထုတ်ကာ ဆည်းဆာချိန် နက်ဝေါ့ထဲ ဝင်လိုက်သည်။ သူ့ရဲ့ အကယ္ဒမီ အမှတ်တွေက ကိုးသန်ကျော် သြားတာကို တွေ့လိုက်ရ၏။ ထိုပမာဏကိုမြင်တော့ လုဇြီ ပြုံးလိုက်သည်။ချက်ချင်းပင် သူချမ်းသာသွားတယ်လို့ ခံစားလိုက်ရ၏။
သို့သော် မီးမုန်တိုင်း နတ်သိုင်းက ဗဟိုအစိုးရကာကွယ်ရေး အမှတ် သန်းရှစ်ဆယ် ကုန္က်မွာကို ပြန်တွေးမိတဲ့ အချိန်တွင်တော့ ထိုအပြုံးက ပျောက်ကွယ်သွားခဲ့သည်။ သူ့ရဲ့ ဒီအကယ္ဒမီ အမွတ္က မလုံလောက်သေးဘူးပဲ။
သူ ခေါင်းခါကာ အကယ်ဒမီအမှတ် တစ်သိန်းစီ လွှဲ ပေးလိုက်တော့သည်။ ထို့နောက် လုဇြီ ပြုံးလိုက်၏။
မင်းတို့ ငါကို ပြန်မပေးဘူးဆိုရင် ဘာဖြစ်လာမယ်ဆိုတာ မင်းတို့ သိပါတယ် ဟီး ဟီး ဟီး
လန်းရဲ့မျက်နှာက နီရဲသြားခဲ့ကာ သူက ပြောသည်။
ဘာဖြစ်မှာလဲလုဇြီ
သူ ဒီ လန်းရဲ့ တွေးတော စဉ်းစားပုံနဲ့တော့ တကယ်ပဲ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။
အားလုံး အကယ္ဒမီ အမှတ်တွေ ရရှိပြီးနောက် ယဲ့မူနဲ့ ကျန်တဲ့ လူတွေအားလုံးက ကျင့်ကြံဖို့ရာ မစောင့်နိုင်ကြတော့ပေ။ ထို့ကြောင့် သူတို့က လုဇြီကို နှုတ်ဆက်ကာ အဆောင်သို့ ပြန်သွားကြသည်။ သူတို့တွေက လုဇြီဆီလာတယ္ဆိုတာ ဒီဘေလာ့ အကြောင်း ပြောပြချင်ရုံ ဖြစ်ပေသည်။
လက်ရှိတွင် ကျောင်းကလည်း စတော့မည်ဆိုတော့ သူတို့ အားတဲ့ အချိန်တိုင်း ကျင့်ကြံထားဖို့ လိုအပ်ပေသည်။ လင်းလင် တစ်ယောက်သာ နေခဲ့၏။