အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၃၁ ဆရာမ ကျွန်တော် ၇ှင်းပြတာကို နားထောင်ပါဦး
အဆင့်မြင့်သူတွေ အားလုံးက လုဇြီရဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြမှာ သေချာသည်။ ဗီဒီယိုတွေ ထုတ်ပြတာက အများပြည်သူ မြင်နိုင်ရုံ ဟန်ပြသက်သက်ပါပေ။ လုဇြီဆိုတာက ဗဟိုအစိုးရ တက္ကသိုလ်ကို ၀င်ဖို့ ကမ်းလှမ်းခံရကတည်းက အဆင့်မြင့်သူတို့ရဲ့ အကြည့်အောက် ရောက်ပြီးသား ဖြစ်သည်။ ဗဟိုအစိုးရက လုဇွီတွင် ကျင့်ကြံခြင်းနဲ့ ဆက်စပ်သည့် နတ်စွမ်းအင် တစ္ခုခု ရှိနေမယ်မှန်း သိထားလောက်သည်။
ဒါ့အပြင် တိုက်ပွဲနယ်မြေက ကိစ္စတွေကြောင့် အဆင့်မြင့်သူတို့က လုဇြီကို ပိုအာရုံစိုက် လာကြသည်။ မည်သို့ပင်ဆိုစေ သူက အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်းအဆင့် စွမ်းအားရှိတဲ့ အဆင့်လေး မွေးရာပါ ပါရမီရှင် ဖြစ်လို့နေသည်။ နှစ်လလေးသာ ကြာသေးပေမယ့် သူ့ရဲ့ တိုးတက်မှုတွေက မယုံနိုင်စရာပါပေ။ ထို့ကြောင့် ဒါတွေက နတ်စွမ်းအင်ကြောင့်သာ ဖြစ်ရမယ်ဆိုပြီး အားလုံးကို လက်ခံလာစေခဲ့သည်။
ထိုနတ်စွမ်းအင်ဆိုတာကလည်း တကယ့်ကို သန္မာတဲ့ နတ်စွမ်းအင်ကြီး ဖြစ်နေနိုင်သည်ပေ။ ထိုနတ်စွမ်းအင်က နတ်သူငယ် မျိုးနွယ်ရဲ့ မွေးရာပါ ပါရမီရှင်တွေလိုမျိုး ရုပ်ပိုင်းဆိုင်ရာကို လျှင်မြန်စွာ တိုးတက်အောင် လုပ်နိုင်တဲ့ နတ်စွမ်းအင်မျိုးလို့ ယူဆ လာကြပေသည်။ထိုအကြောင်းပြချက်ကြောင့်ပဲ လုဇြီကို ဗိုလ်မှူး အဆင့်ကို တိုးပေးခဲ့ခြင်း ဖြစ်သည်။
ဗဟို အစိုးရအတွက် မွေးရာပါ ပါရမီရှင်တွေက သိပ္ကို အရေးပါသည်။ အထူးသဖြင့် လုဇြီလို လူမျိုးပါပေ။ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတွေက အသည်းအသန် ဆွေးနွေးခဲ့ကြပြီးမှ လုဇြီကို လက်ရွေးစင်တန်းမှာသာ ဆက္ထားဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူက အားနည်းသေးသည်။ သူက တိုးတက်လာဖို့အတွက် လက်ရွေးစင်တန်းက တွန်းအား ဖြစ်နိုင်ပေသည်။
လုဇြီ ခေါင်းငြိမ့်လိုက်သည်။
ကျွန်တော့်ရဲ့ နတ်စွမ်းအင်က ကျင့်ကြံခြင်းနဲ့ ဆက်စပ်တယ်။ ဒါက ကျွန်တော့်ရဲ့ကိုယ်ပိုင် စွမ်းအားကို တိုးတက်စေနိုင်တယ်