အပိုင်း ၂၈၅ သွေးည
မစ်ရှင်း ဖော်ပြချက်အရ ထိုဂြိုလ်က ဓါးမြအဖွဲ့ကို သွေးညလို့ ခေါ်သည်။ သူတို့တွင် စစ်သငေ်္ဘာ နှစ်စီးရှိကာ အကန့်အသတ်မဲ့ဂြိုလ်က ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး လူဦးရေက ၅၀၀ ဝန်းကျင်ဖြစ်သည်။
အစွမ်းထက်ဆုံးကတော့ ခေါင်းဆောင် ဖြစ်ပေသည်။ သူ့ရဲ့စွမ်းအားက အလင်းဝင်ပေါက် အခု ၃၆၀ ဖွင့်ထားတဲ့ အဆင့်ဖြစ်၏။ ဆိုလိုတာက သူက အခြေခံအလင်းဝင်ပေါက်တွေ အားလုံးကို ဖွင့်ထားနိုင်ခဲ့ကာ သေမျိုးဆင့်ကဲ ပြောင်းလဲခြင်းအဆင့်သို့ တက်ရောက်နိုင်တဲ့ အလားအလာ ရှိနေခဲ့ပေသည်။
ထိုဓါးပြအဖွဲ့က ဗဟိုအစိုးရ အတွင်းရှိ အနက်ရောင်အင်အားစုတွေထက်တောင်မှ ကျော်ကြားနေသေးသည်။ သူတို့က စစ်တပ်ပိုင်းမှ မဟုတ္သလို ဗဟိုအစိုးရ ရုံးပိုင်းဆိုင်ရာဘက်မှလည်း မဟုတ်ပေ။ထို အင်အားစုထဲ ဝင်ရန် အလင်းဝင်ပေါက် ၁၁ ခုလောက် ဖွင့်ထားရုံနဲ့တင် လုံလောက်ပေ၏။
ဒါ့အပြင် သွေးည ဓားမြအဖွဲ့က ဓါးမြ တိုက်ပြီးတဲ့အခါ ဘယ်သူ့ကိုမှ အသက်ရှင်ခွင့် မပေးတတ်ကြပေ။ထို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပေသည်။ သူတို့က ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
ခေါင်းဆောင်က တကယ္ကို မောက်မာလွန်းတဲ့ သူမျိုးဖြစ်သည်။ သူတို့က စစ်သားတွေ စောင့်ကြပ်တဲ့ ဆိုလာစနစ္ကို မတိုက္ခိုက္သလို ကျယ်ပြောလှတဲ့ အာကာသ ဆိုလာစနစ်ရှိရာ ဝန်းကျင်တစ်လျှောက်လမ်းကြောင်းတွေကိုလည်း မတိုက်ခိုက်တတ်ပေ။
သူတို့ရဲ့ပစ်မှတ်ကတော့ တစ်စီးတည်း သွားလာတတ်တဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေသာ ဖြစ်သည်။ သူတို့က အလွန် သတိထားတတ္ကာ ပစ်မှတ်ကို သေချာ ရွေးချယ်တတ်၏။ အမြဲတမ်း ခြေရာလက်ရာမကျန်အောင် ဖျောက်ဖျက်တတ်ပေမယ့် တစ်ကြိမ်တွင်တော့ လူအနည်းငယ် လွတ်မြောက်သွားခဲ့ကာ ထိုအကြောင်းကိုလည်း အခြားသူတွေ သိသြား၍ နာမည်ကျော်ကြားသွားခြင်းဖြစ်ပေသည်။
အတွင်းပိုင်း အရေးကိစ္စတွေကို ဖြေရှင်းတဲ့ အင်အားစုက စစ်တပ်ဘက်လောက် အင်အား မကောင်းပေ။ သူတို့ရဲ့အဆင့်မြင့် တိုက်ပွဲအင်အားစုတွေကလည်း အလုပ်ရှုပ်နေခဲ့ကြကာ ဆည်းဆာချိန်စနစ်က ကျောင်းသားတွေကိုသာ အကူအညီ တောင်းရလေတော့သည်။