အပိုင်း ၃၀၉
လင်းလင်၏ တောင့်တင်းသွားသည့် အမူအရာကို ကြည့်ကာ လုဇြီ သက်ပြင်းချသည်။ သူ သူမအား ခက်ခဲအောင် မလုပ်ချင်ပေ။ သက်တောင့်သက်သာဖြစ်သည့် လေသံနှင့် သူပြောလိုက်၏။
ဒီလိုဆိုမွေတာ့ ငါ ပြန်သိမ်းထားလိုက်မယ် ၊ဆရာမနန်ကုန်းနဲ့ ဆရာမ ချိုးယွဲ့တို့က ဒီမွာ မရွိလို့ ငါက မင်းကို အခွင့်အရေး ပိုပေးချင်နေတာ ကြည့်ရတာ မင်းက ဒီအခွင့်အရေးကို မယူချင်တဲ့ပုံပဲ
လင်းလင်
ထိုစကားတို့အား ကြားသည့်အခါ သူမ၏ ကိုယ္က ပို၍သာ အေးခဲသွားရတော့သည်။ သူမ ထိုကောင့်အား အနိုင်ရရမည်ဟု ဆုံးဖြတ်လိုက်တော့၏။ ထိုအလင်းလုံးတွေနှင့် သူမ၏ မူလ သူတော်စင် စွမ်းအင်တို့သာ ပေါင်းစပ်လိုက်ပါလျှင် သူမသည် ထိုကောင့်အား ကျော်သွားနိုင်ချေ ရှိသည်။ ထို့ကြောင့် ထိုအခွင့်အရေးအား သူမ မငြင်းဆိုချင်ပေ။
လုဇြီအား အနိုင်ရမည့် အဖြစ်သည် သူမ၏ အိပ်မက်ဖြစ်သည်။ သူမ လျင်မြန်စွာ တုန့်ပြန်လိုက်မိခြင်းအား နောင်တရမိလေတော့၏။
သူမ လုဇြီအား ကြည့်ကာ နှုတ်ခမ်း ကိုက်သည်။ သူမ ပြန်လိုချင်ကြောင်း ပြောချင်နေခဲ့၏။ သို့သော် ထိုသည်ကလည်း ရှက်ရွံ့နေစေသည်။ မည်သို့ပင်ဆိုစေ ထိုအလင်းလုံးတွေသည် အလွန် အဖိုးတန်သည်။ သူမသည် ထိုကမ်းလှမ်းချက်အား ငြင်းဆိုလိုက်မိ၏။ သူမ ယခုမွ ပြန်လိုချင်လျှင် လုဇြီ သူမကို မည်သို့တွေးတောမည်ဖြစ်ကြောင်း မသိနိုင်တော့ချေ။
သူမ ထိုအလင်းလုံးအား အသုံးပြုလိုက်လျှင် အစ်မကျင်းနှင့် အစ်မဟော်ရှားတို့၏ အရင်းအမြစ်တွေအား ခိုးယူသလို ဖြစ်သွားပေလိမ့်မည်။ ထိုနှစ်ယောက်သည် သူမအား အလွန်ကောင်းစွာ ဆက်ဆံကြသည်။ သူမသည် ထိုသို့ ကျေးဇူးမသိတတ်သည့် သူမျိုး အဖြစ်မခံချင်ပေ။
လင်းလင် လက်လျှော့တော့မည့် အချိန်တွင် လုဇြီ ပြုံးလိုက်သည်။ ထိုအလင်းလုံးတွေအား သူမအား ပြန်ပေးလိုက်၏။
ဆရာမ နန်ကုန်းနဲ့ ဆရာမချိုးယွဲ့တို့က စွမ်းအားကြီးကြတယ်၊ ဒီအဆင့်က အလင်းလုံးတွေက သူမတို့အတွက် အကူအညီ သိပ္မျဖစ္ဘူး ။ဒီတော့ နည်းနည်းလောက် မပေးလိုက်လို့လည်း ကိစ္စမရှိဘူး