အခန်း319

118 23 1
                                    

အပိုင်း ၃၁၉ ဘယ္သူက ယောင်္ကျား မဟုတ္လို့လဲ

တခဏကြာပြီးနောက် ဓားနတ်ဆိုးတို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားကြတော့သည်။ လုဇွီသည်  မြေပြင်၇ှိ  တုန်ယင်နေသည့်
ထိုသူတို့အား ကြည့်ကာ ဇောက်ထိုးမထောင်ဘဲ မနေနိုင်အောင် ဖြစ်လာရသည်။ သူ ဖြေးညှင်းစွာ ပြုံးကာ မေးလိုက်သည်။

မင်းတို့ကို ဒီသငေ်္ဘာပျံတွေ ဘယ္သူ ရောင်းလိုက်တာလဲ

မည်သူမျှ ပြန်မဖြေကြချေ။ ဓားဖြူ လုပ်ကြံသတ်ဖြတ်ရေး စာရင်းသည် တစ်စုံတစ်ရာ မှားယွင်းနေပုံရသည်။ သူတို့ထက် အဆင့်နိမ့်သူသည် သူတို့အားလုံးအား ဖမ်းဆီးနိုင်ခြင်းဌာ မစွမ်းနိုင်သင့်ချေ။ သို့သော် မေးခွန်းကိုလည်း သူတို့ ဖြေချင်စိတ် မရှိခြင်းသာ ဖြစ်သည်။

လုဇွီလည်း ဆက်မမေးတော့ချေ။ သူက သငေ်္ဘာနား သြားကာ သိုလှောင်လက်စွပ်ထဲ ကောက်ထည့်လိုက်သည်။ ထို့နောက် ဓားနတ္ဆိုးတို့အား လေစွမ်းအင်နှင့် နောက်မှ လိုက်လာစေရင်း လင်းလင်အား ပြောလိုက်သည်။

သွားရအောင်

အင်း၊ ငါတို့တွေ သူတို့ကို ကျောင်းကို ပြန်ခေါ်သွားသင့်တယ်

လုဇြီက ခေါင်းငြိမ့်ပြသည်။
ဖြစ်နိုင်ချေတော့ နည်းပေမယ့် သူတို့မွာသာ မြေအောင် အင်အားစုတွေရဲ့ ကြယ်မြေပုံရှိနေခဲ့ရင် ငါတို့အတွက် မြတ်ပြီ။

သူ၏ မီးနတ်စွမ်းအင် တိုးတက်လာသည့်အခါ မီးမုန်တိုင်း နတ်သိုင်းကို သူ ၀ယ်နိုင်ရန် အကယ်ဒမီအမှတ်တွေ လိုအပ်နေပေသည်။ ဘေးတွင် လိုက်လာသည့် လင်းလင် ပြုံးလိုက်သည်။

ငါ့မွာ သန်းရှစ်ဆယ် ၇ှိသေးတယ်၊ ငါ အများကြီး သုံးစရာလည်း မ၇ှိသေးဘူး။ ဆုက များရင် နင်ပဲ ယူလိုက်

သူမ ပြန်ပြောသည့် စကားကြောင့် လုဇြီ ကြောင်သွားရသည်။ သူ မနေနိုင်တော့ဘဲ လင်းလင်ကို လှည့်ကြည့်မိတော့သည်။ သူမတွင် ထိုမျှ များပြားသည့် ပမာဏ ကျန်နေသေးသည်။မည်သို့ စုဆောင်းရမည့်အကြောင်း သူမ သေချာသိပုံရသည်။ သူ့တွင် ၁၀သန်းသာ ကျန်တော့သည်။ 

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now