အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၄၅ ပျော်ရွှင်မှု နှစ်ဆ ဆုကြေးနှစ်ဆ
လင်းလင်:
လုဇြီ စိတ်လှုပ်၇ှားနေတာကို ကြည့်ရင်း သူမရဲ့နှုတ်ခမ်းက မဲ့သွားရလေပြီ။ ဒီကောင် ဘာတွေ တွေးနေပြန်ပြီလဲ။ ကျောင်းစတက်ဖို့က သုံးရက်ပဲ လိုတော့တာလေ။ဘာလို့ အခု သွားချင်နေရတာလဲ။
နေဦး
လင်းလင်ရဲ့ မျက်နှာက နီရဲလာသည်။
အနည်းဆုံးတော့ ငါတို့တွေ ကျောင်းနဲ့ ပက်သတ်တာတွေ အရင် အကုန်ပြီးအောင် စီစဉ်ထားခဲ့ဖို့ လိုတယ်လေ။ ငါတို့ အခုတော့ သြားလို့မရေသးဘူးလုဇြီ လည်ပင်လေး ဆန့်ရင်း တွေးကြည့်လိုက်သည်။ သူ မသုံးရေသးတဲ့ အကယ်ဒမီအမှတ်တွေ ရှိသေးတာကို သတိရလိုက်သည်။ မြေကမ်ဘာက နီးတယ္ဆိုမွေတာ့ အားတဲ့အချိန် သွားလို့ရတာပေါ့။ အပြေးအလွှား လုပ်ဖို့တော့ မလိုပါဘူး။
သူ အနည်းငယ်တော့ စိတ်ပျက်သွားရသည်။ မြေကမ်ဘာက စားစရာတွေက အရမ်းကောင်းတာ။လင်းလင်က လုဇြီရဲ့ အမူအယာကို ကြည့်ရင်း နောက်တစ်လှမ်း ဆုတ်သွားသည်။
နင် ဘာတွေ ပေါက်ကရ တွေးနေပြန်ပြီလဲ
သူ အေလးအနက္ထား ပြောလိုက်သည်။
မိခင်ဂြိုလ်မှာ သမိုင်းထဲက ယဉ်ကျေးမှုတွေ၊ ဆိုက်တွေနဲ့ စားစရာတွေများ ရွိဦးမလား သိချင်တာ။ ငါတို့ရဲ့ယဉ်ကျေးမှုတွေ ပျောက်ပျက်သွားမှာပဲ ငါစိုးရိမ္တာလင်းလင် ဘာမွ ပြန်မပြောတော့ပေ။ သူမက နာရီကို တစ်ချက်ကြည့်လိုက်ရာ နေ့လည်ရောက်တော့မည်ကို သိလိုက်ရသည်။
ကောင်းပြီ အခု ငါ ပြန်တော့မယ်။ ငါ အချိန်ရရင် နင်နဲ့ လာပြိုင်မယ်
လုဇြီ: အချိန်မရွေးပဲနော်၊ မင်း ရှုံးရင်တော့ မငိုနဲ့
ငါ အဲ့လောက် အားမနည်းဘူးဟဲ့
ထို့နောက် လင်းလင် ပြန်သွားသည်။ လုဇြီ ယူနီဖောင်းကို သိမ်းလိုက်ကာ အပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။ သူ ချက်ချင်း ဆည်းဆာချိန် နက်ဝေ့ါထဲ ၀င်လိုက်၏။ အကယ္ဒမီ အမှတ် ၇သိန်း ချေးပြီးနောက် သူ့တွင် ၉.၁သန်း ကျန်နေသေးပေသည်။ ကြည့်ရတာ သူ ချမ်းသာနေသေးပုံရပေမယ့် တကယ်တော့ သူ သိပ္ကို ဆင်းရဲနေခဲ့ပေသည်။