အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၁၇ မမျှော်လင့်ထားတဲ့ ၀င်ရောက်လာသူ
တိုက္ပြဲက အလင်းတိုင်နားတွင် ဖြစ်ပွားနေခဲ့ကာ လုဇွီရဲ့သိချင်စိတ်တွေကို နှိုးဆွလို့ နေသည်။ တိုက်ခိုက်နေသူတို့ကား သားရဲခေါင်းဆောင် အဆင့်တွေ ဖြစ်နေသည်။
ခေါင်းဆောင်တွေ အသက်ကိုတောင် ရင်းပြီး တိုက်ခိုက်ရလောက်အောင် ဘယ္လိုအရာမ်ား အထဲမွာ ရှိနေလို့လဲ။
လုဇြီ သိချင်စိတ်တွေ ပြည့်လာခဲ့သည်။သို့ရာတွင် တိုက္ပြဲက သိပ္ကို ပြင်းထန်နေခဲ့ကာ ကီလိုမီတာ တစ်ရာအတွင်းတောင်မှ မလုံခြုံနိုင်ပါပေ။ သူ နည်းနည်းတော့ တုန့်ဆိုင်းသွားသည်။
တကယ္လို့ အားလှိုင်းတွေလောက်ပဲဆိုရင် သူ့ရဲ့ လက်၇ှိစွမ်းအားနဲ့ သူ ရပ်တန့်နိုင်စွမ်း ရှိပေသည်။ သို့သော်ခေါင်းဆောင်ကြီးတွေက သူ့ကို တိုက်ခိုက်လာမယ်ဆိုရင်တော့ မသေနိုင်ပါဘူးလို့ ယုံကြည်ချက်မ၇ှိတော့ပေ။
ခုကနည်းနည်းဝေးနေတော့ နည်းနည်းလောက် ကပ္လိုက္တာက အဆင်ပြေမှာပါ။
လုဇြီ အံကြိတ်ပြီး ရှေ့တိုးသွားလိုက်သည်။
အလင်းတိုင်ထဲတွင် ဘာရွိမလဲ သူမသိပေ။သူ မတော်တဆ ရခဲ့ရင် သူ့ရဲ့စိတ်ကြားခံနယ်ထဲ ထည့်ပြီး ဖြက္ထားလို့ ရနိုင်တာပဲ။ ဒါဆိုရင် ခေါင်းဆောင်တွေကလည်း သူ့ကို ဘာမွလုပ္လို့ရမွာ မဟုတ်တော့ဘူး။ အမ်ားဆုံးမွ အသတ်ခံရရုံပေါ့။ သူက သေတာကို ကြောက်မက် ထင်လို့လား။မပြောပလောက်ပါဘူး။
လုဇြီ ကိုယ့်စိတ်ကိုယ် သေဖို့အတွက် ပြင်ဆင်ကာ ရှေ့တိုးသွားလိုက်သည်။
ဝေါင်း
ခြိမ်း
အလင်းတိုင် အနီးလေထဲတွင် ပုံရိပ်အချို့က တဖျက်ဖျက်ဖြစ်လိုက်၊ တိုက်ခိုက်လိုက်၊ ဟိန်းဟောက်လိုက် လုပ်နေကြသည်။ လေ၊လျှပ်စီးနဲ့ အမျိုးမျိုးသော နတ်စွမ်းအင်တွေက တဖျက်ဖျက် လက်နေသည်။ ဝိဉာဉ်စွမ်းအင်တွေက လေပြင်းတွေကို တွန်းတိုက်ကာ ကီလိုမီတာ တစ်ရာအတွင်း ဗြောင်းဆန်စေသည်။ လုဇြီ တစ်လက်မလောက် ထပ်တိုးလိုက်သည်။