Share 40ကျော်လို့ အပို2ပိုင်းလက်ဆောင်ပါ အားပေးသူတိုင်းကိုကျေးဇူးပါ
အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၅၈
လေထုက တိတ်ဆိတ်နေခဲ့၏။
ကေလးမေလး နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့ကြသည်။ နှစ်ဆယ့် ငါးစက္ကန့်လောက် ကြာသွားပြီးတဲ့အထိ အကြည့်မလွှဲကြပေ။စက္ကန့် သုံးဆယ်ကြာလာတဲ့အခါ ဆံပင်နှစ်ဖက်ခွဲ စည်းထားတဲ့ ကောင်မလေးက မျက်တောင် တဖြတ်ဖြတ် ခတ်လာသည်။ သူမေလးက ပြော၏။
အာ ငါ ရှုံးပြီ။ နင်က ပိုကောင်းပါတယ်။ နင်က မျက်လုံးဖွင့်ထားပြီး မျက်တောင်မခတ်ပဲ အကြာကြီး နေနိုင်တယ်။ နင့်ရဲ့နာမည် ဘယ်လိုခေါ်လဲ
ယင်ယင်က တစ်ခဏလောက် မင်သက် သွားသေးသည်။ တစ္ဖက္က သူမကို ထိုသို့စကားပြောလာမယ်လို့ ထင်ထားခဲ့ပုံ မရေပ။
သူမက တည်ငြိမ်စွာ ပြောလိုက်သည်။ငါက ယင်ယင်
ကေလးမေလးက တောက်ပစွာ ပြောလိုက်သည်။
ငါက ထင်ထင်။ ငါတို့အခု သူငယ်ချင်းဖြစ်ပြီထို့နောက် ယင်ယင့်အနားတွင် သူမက ၀င်ထိုင်ကာ ဒန်းကိုလွှဲသည်။ ဒန်းက ကျယ်သည်မို့ မိန်းကလေး နှစ်ယောက်ထိုင်ဖို့ရာ လုံလောက်ပေသည်။
လုဇြီ
ဒီနေ့ခေတ် ကလေးတွေ သူငယ်ချင်းဖြစ်အောင် လုပ္တာက ဒီလိုမျိုးပဲလား။ ဒါက လွယ်လွန်း မေနဘူးလား။
လုဇြီ သက်ပြင်းချလိုက်သည်။ ကလေးတွေက တည့်တိုးဆန်ကြတာကိုး။ သူတို့က အချင်းချင်း ကြိုက်တယ်ဆိုရင် ကြိုက်လိုက်ကြတာပဲ။ ဟန်ဆောင်တာတွေ လုပ်စရာမလိုဘူးပေါ့။ ဖြစ်နိုင်တာက အသက်ကြီးလာတဲ့ အချိန်မှသာ အားစိုက်ရတာများလား။အားလုံးက ယင်ယင့်ကိုသာ ကြည့်နေကြသည်။ ယင်ယင်ကလည်း ထိုမြင်ကွင်းကို ကြည့်နေလေ၏။ ရှင်းလင်းစွာပင် သူမေလးက ပျော်ရွှင်နေပုံရသည်။ လူတိုင်းက ထိုကေလးကို ကြည့်ကာ ပြုံးလိုက်ကြရင်း မြင်ကွင်းကိုပြန်ကြည့်လိုက်ကြသည်။
![](https://img.wattpad.com/cover/251847730-288-k595524.jpg)