အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၂၄ ပစ်မှတ် အသေးလေး အရင်ထားမယ်
လုဇြီ ဖုန်းကို ဘေးချ ထားလိုက္ကာ အမဲလိုက် ကြားခံနယ်မြေထဲ ၀င်လိုက်သည်။ သူ့ရဲ့ ဝိဉာဉ်စွမ်းအင် ကျင့်ကြံခြင်းအဆင့်က မြင့်သွားပြီဖြစ်လို့ သူ နတ်သိုင်းကို ကျင့်ကြံဖ်ို့ရာ ပိုအဆင်ပြေလာသည်။ သူ ဆရာကြီး ဖြစ်လာပြီလို့ လုဇြီ တွေးနေလိုက်သည်။
မြက်ပင်ရှည်တွေနဲ့ ဖုံးလွှမ်းနေတဲ့ နေရာထဲ လုဇြီ ပေါ်လာသည်။ ထိုမြက်တွေက သုံးမီတာကျော် ရှည်သည်။ သူ ခြေချပြီးတာနဲ့ ချီခိုးယူခြင်း သိုင်းကို ထုတ္သုံးလိုက္ကာ စိတ်စွမ်းအင်နဲ့ ပတ်၀န်းကျင်ကို လေ့လာလိုက်သည်။
စွမ်းအားကြီး ခေါင်းဆောင်တွေကို မတွေ့မှ သူ စိတ္သက္သာရာ ရသွားသည်။
သူ့ရဲ့နတ်သိုင်း အသစ်လေးကို လုဇြီ စမ်းသပ်ချင်နေသည်။သူ့ရဲ့ မျက်လုံးတွေကို လက်မောင်းဆီ အာရုံစိုက်ထားလိုက်ကာ သတၳုရောင် အလင်းနဲ့ ဖုံးလွှမ်းစေလိုက်သည်။ ထို့နောက် အလင်း တဖျက်ဖျက် လက္ကာ ဖောက်ထွင်းမြင်ရသော အနက်ရောင် သလင်းသား အလွှာလေးက လက်မောင်းကို ၀န်းရံပြီးသား ဖြစ်သွားလေသည်။
လုဇြီ လက်ဝါးဆန့်ထုတ်ကာ လက္က သံခ်ပ္ကာလို အကာအကြယ္ကို ကြည့်လိုက်သည်။သူ မင်သက်သွား၏။ သူ ဒါကို မြင်ဖူးတယ်။ ကျားနက်ခေါင်းဆောင်က အဲ့ဒိနေ့က ဒါကို ထုတ်သုံးခဲ့တယ်။ ဒီတော့ ကျားနက် ခေါင်းဆောင်က နတ်သိုင်း သုံးတတ်တယ်ပေါ့ ဟုတ္လား။
လုဇြီ ပျော်သွားသည်။ အဲ့နေ့က က်ားနက္သာ အားမနည်းနေခဲ့ရင် တဖက္သူကို ပါးစပ်အဟောင်းသားနဲ့သာ သူ ကြည့်နေခဲ့ ၇လောက်သည်။
သူ လက္သီး ဆုပ်လိုက်သည်။ ထိုအခါ လက္သီးကိုပါ အုပ်သည့်အထိ အနက်ရောင် အကာအကြယ္က ရှည်လာသည်။ လက်ပြန် ဖြန့်တဲ့အခါ အလိုလို လက်ချောင်းတွေကြား ကြဲသြားပါ၏။ ဉာဏ်ကောင်းတဲ့ အကာအကွယ်လေးပဲ။
လုဇြီ မေးစေ့ပွတ်ရင်း စဉ်းစားနေလိုက်သည်။ သူ့ရဲ့ဒီအကာအကွယ်ကို ဘယ္လို စမ်းသပ်ရင် ကောင်းမလဲ။ ရုတ်တရက် သူ့မျက်လုံးက အလင်းတွေ လက်လာသည်။