အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၄၇
အဆင့်ဇယား တစ္ခုလုံးရဲ့ ပထမဆုံးတွင် ရောက်နေကာ တဖျတ်ဖျတ်လက်နေတဲ့ နာမည်ကို ကြည့်ရင်း လူတိုင်းက အမူအရာတွေ ပြောင်းလဲနေကြသည်။
မာဂရက္က ဗဟိုအစိုးရ တက္ကသိုလ်ရဲ့ လက်ရွေးစင်တန်းတွင် ဒုတိယအဆင့် ဝင်နေခဲ့သူ ဖြစ်သည်။ ဗဟိုအစိုးရတက္ကသိုလ်ကို အပထား၊ အင်ပါယာမြို့တော် အကယ်ဒမီတွင် တောင်မှ သူမက ယှဉ်ပြိုင်နိုင်စွမ်း ကင်းမဲ့လုနီးပါးဖြစ်ပေသည်။ သူမရဲ့ စွမ်းအားက အင်ပါယာမြို့တော် အကယ္ဒမီရဲ့ ပထမထက်သာလျှင် နည်းပါးပေ၏။
ထိုသို့ဖြင့် သူမက အားလုံးရဲ့အဆင့်ဇယားတွင် တတိယနေရာဝင်ခဲ့ခြင်း ဖြစ်ပေသည်။ သို့ရာတွင် ဒီတစ်ကြိမ်တွင်တော့ သူမက ပထမနေရာကိုယူလိုက်နိုင်သည်။
တိုးတက်မှုက ကြီးမားလှပေ၏။ သို့ရာတွင် ဗဟိုအစိုးရတက္ကသိုလ်ရဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးကေတာ့ ဒီအခ်က္ကို လက်ခံနိုင်ကြပေသည်။ အနည်းငယ်လောက်သာ အံ့အားသင့်ရပေ၏။ ဒီတစ်ကြိမ်တွင် မာဂရက္က ဆုများပြားစွာရရှိခဲ့သည် မဟုတ္လား။
ကောင်းကင်သလင်း သစ်သီးကိုတောင် ရရှိခဲ့သေးကာ တာအို ဉာဏ်အလင်းပွင့် ခန်းမတွင်လည်း ကျင့်ကြံနိုင်ခွင့်ရရှိခဲ့သေးပေသည်။ ထိုမျှနှင့် သူမရဲ့ ကျင့်ကြံခြင်း အဆင့်ကို ခုန္ပ်ံ ကျော်လွှားနိုင်စေဖို့ လုံလောက်ပေသည်။ ဒါ့အပြင် သူမ ကံကောင်းခဲ့ပါက သူမရဲ့ နတ်စွမ်းအင်က အဆင့်တောင် မြင့်သွားနိုင်သေးသည် မဟုတ္လား။
ရှင်းလင်းစွာပင် သူမက ဆုတွေအားလုံးကို ကောင်းကောင်း အသုံးချနိုင်ခဲ့ကာ အဆင့်ဇယားတွင် ထိပ်ပိုင်း တက်နိုင်ခဲ့ပေသည်။
လုဇြီက စီနီယာအစ္မ တိုးတက်သွားတဲ့အတွက် ဝမ်းသာနေခဲ့ပေသည်။ ထိုအခိုက်အချို့တွေ ဆွေးနွေးနေသံတွေကို သူ ကြားလိုက်ရ၏။
စီနီယာ အစ္မ မာဂရက္က ဂြိုလ် ၂၅ က တိုက်ပွဲနယ်မြေမှာ တော်တော်လေး အကျိုးကျေးဇူး ရခဲ့တယ်လို့ပြောတယ် ဟုတ္တယ္မလား