အခန်း232

192 27 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၃၂ နတ်စွမ်းအင်ကို ဒီလိုနည်းလမ်းနဲ့ လေ့လာလို့ရလို့လား

လုဇြီ ကြောင်သွားသည်။ နတ်သိုင်းက မ၀ယ်ရသေးဘူးလား။ နန်ကုန်းကျင်းက ထွက်သွားပြီမို့ သူလည်း ထွက်လာလိုက်သည်။ အပြင်ဘက်တွင် နန်ကုန်းကျင်းက လုဇြီအား ဆည်းဆာချိန် နက်ဝေါ့လို့ ခေါ်တဲ့ အသစ်စက်စက် ၀က်ဆိုက်တစ်ခုကို ဘယ္လို စာရင်းသွင်းရမယ်ဆိုတဲ့အကြောင်း သင်ပေးသည်။

ထို၀က္ဆိုက္က ဆည်းဆာချိန် စနစ္က အမျိုးမျိုသော ကျောင်းတော်တို့ရဲ့ အတွင်းရေးသတင်းတွေ တင်တဲ့ ၀က်ဆိုက်ဖြစ်သည်။ ကျောင်းအများ သုံးနိုင်တဲ့ ဆုတွေကို ဖော်ပြထားသေးသည်။ ဥပမာ တာအို ဉာဏ်အလင်းပွင့် ခန်းမဖြစ်သည်။ လုံလောက်တဲ့ အကယ်ဒမီအမှတ်ကိုသာပေးနိုင်ရင် ကျောင်းတိုင်းကို လုံလောက်တဲ့ အသုံးပြုခွင့်ပေးမှာပင်။ ကျောင်းတိုင်းတွင် ကိုယ်ပိုင် အရင်းမြစ်တွေ ရှိကြသည်။ ဥပမာ အဆင့်မြင့် ဆရာတွေနဲ့ ကျောင်းသားတိုင်းကို ဖြန့်ဝေပေးနေတဲ့ ပမာဏပင်။

၀က်ဆိုက်ကို အသုံးပြုပြီး သူ့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ဖြည့်စွက်လိုက်သည်။ မှတ်ပုံတင်ပြီးတဲ့နောက် လုဇြီက သူ့ရဲ့ ကိုယ်ရေး အချက်အလက်တွင် ဗဟိုအစိုးရ တက္ကသိုလ်ရဲ့ လက်ရွေးစင်တန်း ပထမနှစ်လို့ ပေါ်နေတာကို တွေ့ရသည်။ သူ့ရဲ့ အကယ္ဒမီ အမွတ္က တစ်သောင်းလို့ ဖော်ပြထားသည်။

ထိုအချိန်တွင် မေးတစ်စောင် ရောက်လာသည်။ နန်ကုန်းကျင်းဆီမှ ဖြစ်၏။ နန်းကုန်းကျင်းက သူမရဲ့ အကယ္ဒမီ အမှတ်နဲ့ လေတောင်ပံ နတ်သိုင်းကို ၀ယ်လိုက်သည်။ ထို့နောက် လုဇြီကို ပို့ပေးလိုက်၏။ ဒီအကြောင်းကို ကျောင်းကို ပြန်တင်ပြတဲ့အခါ သူမဆီသို့ ပြန်လွှဲပေးပေလိမ့်မည်။

နန်ကုန်းကျင်းက သူ့ကို ကြည့်လာသည်။
မေးရလား

ရတယ်

ဖွင့်ကြည့်လိုက်၊ အထဲမွာ နတ်သိုင်းရှိတယ်။ နင် အခြားသူတွေကို လိုက်ပြလို့ မရဘူးနော်။ အဲ့လိုဆိုရင် နင် အကြွေးမှတ် အနုတ်ခံရလိမ့်မယ်

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now