အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၆၆ ကျင်းယောင် သူတော်စင်နဲ့ တွေ့ဆုံခြင်း
နောက်တစ်နေ့ နံနက်တွင် လုဇြီ မ်က္လုံး ဖွင့်လိုက်သည်။ တစ္ညတာ ကျင့်ကြံခြင်းက အနီရောင် အလင်းလုံး သုံးလုံးတောင် ကုန်စေသည်။ သူ့ရဲ့ ဝိဉာဉ်စွမ်းအင် ကျင့်ကြံခြင်း အဆင့်က သိုင်းအမြုတေအဆင့် ကိုးကိုပင် ရောက်သွားခဲ့ပြီ။ ထို့ကြောင့် တစ်ညထဲနဲ့ နှစ်ဆင့်တက်လာတယ်လို့ ဆိုရပေမည်။
အမ်ားဆုံး မနက်ဖန် ညလောက်တွင် သူ အလင်းဝင်ပေါက် ဖွင့်လှစ်ခြင်းအဆင့်ကို တက်နိုင်လောက်ပေသည်။ လုဇြီ ရယ်လိုက်သည်။ သူ့ကိုယ်တွင် ပြင်းထန်တဲ့ ဝိဉာဉ်စွမ်းအင်တွေ စီးဆင်းနေတာကို သူ ခံစားနေရပေသည်။ ဒီတိုးတက်မှုက အရမ်းမြန်တာပဲ။
လုဇြီ အိပ်ယာက ထကာ အဆောင်က ထွက်ခဲ့လိုက်သည်။ ဒီနေ့ အတန်းရှိပေမယ့် လုဇြီကေတာ့ နန်ကုန်းကျင်းဆီကိုသာ သွားရမည် ဖြစ်သည်။ လင်းလင်ကတော့ ယင်ယင့်ကို အတန်းသို့ ခေါ်သွားသည်။ ယင်ယင့်ရဲ့ကျောင်းတက်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမည် မဟုတ္လား။ သူမ ဆန္ဒရှိရာ လုပ်ပေးရန် ဗဟိုအစိုးရက အမိန့်ထုတ်ထားသည်။ သူမကို သူတို့ တားချင်ရင်လည်း တားလို့မွ မဖြစ်နိုင်လေဘဲ။
ဆရာ၊ဆရာမေတြကေတာ့ ထိုအမိန့်ကို မသိကြပေ။ သို့သော် သီးသန့် အမိန့်တွေ ရထားသည်မို့ သူမ ကျောင်းတက်တာကို လက်ခံပေးကြရသည်။ လုဇြီကေတာ့ ယင်ယင် အတန်းထဲမှာ ဘယ်လိုဖြစ်နေမလဲဆိုတာကို သိချင်နေတော့သည်။
လုဇြီ ခေါင်းခါကာ အေတြးကို မောင်းထုတ်ရင်း နန်ကုန်းကျင်းရဲ့ အိမ္သို့ ပျံသွားလိုက်သည်။
နန်ကုန်းကျင်းရဲ့ အိမ္သို့ သူ နောက်တစ်ကြိမ် ရောက်လာခဲ့သည်။ တံခါးခေါက်လိုက်ရင်း သူ အော်ခေါ်လိုက်သည်။
အမျိုးသမီး အဟွတ် ဆရာမ နန်ကုန်း ကျွန်တော် ရောက်ပြီ
တံခါးက ချက်ချင်း ပွင့်သွားသည်။ အထဲကို လုဇြီ ဝင်လိုက်တာနဲ့ ဆိုဖာပေါ်တွင် အရက်သောက်နေသည့် နန်ကုန်းကျင်းကို မြင်ရသည်။
သန့်ရှင်းသွားခဲ့သည့် ကြမ်းပြင်က အရက်ပုလင်းတွေနဲ့ ပြည့်နေခဲ့ပြီဖြစ်သည်။ လုဇြီ မျက်နှာမဲ့သွား၏။ ဒီအမျိုးသမီးက အရက်သောက်တာက လွဲပြီး က်န္တာ ဘာမွ မလုပ္ဘူးလား။ သို့သော် သူ မမေးရဲချေ။ လုဇြီရဲ့ မ်က္လုံးထဲ အစိမ်းရောင် အလင်းတွေ လက္လာခဲ့ကာ ပုလင်းတွေ အားလုံးကို မြောက်တက်စေရင်း ထောင့်တစ်နေရာတွင် စုပုံထားလိုက်သည်။
နန်ကုန်းကျင်းက ရယ်သည်။
နင်ရောက်ပြီပဲ ကဲ သွားရအောင်
သူမက ထိုသို့ပြောကာ ထရပ်သည်။ ထို့နောက် တံခါးဘက် ထွက်၏။လုဇွီက နောက်က လိုက်ရင်း မေးလိုက်သည်။
ဆရာမ နန်ကုန်း ကျွန်တော့်ကို ဘယ္ကို ခေါ်သွားမလို့လဲ
ကျင်းယောင် သူတော်စင် ဆီကိုလေ
လုဇြီရဲ့ ကိုယ္က တုန်ယင်သွားတော့သည်။ ထို့နောက် နန်ကုန်းကျင်းကို ကြည့်ကာမေးသည်။
ကျွန်တော်တို့က ကျင်းယောင် သူတော်စင်ကို သွားတွေ့ရမှာ ဟုတ္လား
ကျင်းယောင် သူတော်စင်တဲ့လား။
လူသားမျိုးနွယ်ရဲ့ သူတော်စင် လေးပါးထဲက တစ်ပါးလေ။ ဘုရားရေ ။
နန်ကုန်းကျင်းက ပြောသည်။
ကျင်းယောင် သူတော်စင်ကို သွားတွေ့တာက ဘာဖြစ်လို့လဲ။ စကားမစပ် အဲ့အဘိုးကြီး ပေါက်ကရတွေ ပြောလာရင် နင် မကြားသလိုသာ နေလိုက် ဟုတ်ပြီလား
လုဇြီ:..
သူ မင်သက်သွားသည်။ ထို့နောက် မေးလိုက်၏။
ဘယ္လို ပေါက်ကရတွေကို ပြောတာလဲ
အိုး ကျင်းယောင် သူတော်စင်က အတင်းပြောတတ်တဲ့ သဘာဝရွိတာလား။ နန်ကုန်းကျင်း မျက်မှောင်ကြုတ်သည်။
နင် သိလာပါလိမ့်မယ်။ ဒီအတိုင်း မကြားချင်ယောင်သာ ဆောင်နော်
အိုး
သူ ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲတွင်တော့ သိချင်နေပေ၏။ အိမ်ပြင် ရောက်တဲ့အခါ နန်ကုန်းကျင်းက လက်တစ်ဖက် ရမ်းလိုက်သည်။ ချက်ချင်းပင် အာကာသ သငေ်္ဘာကြီး ပေါ်လာ၏။ ထိုသငေ်္ဘာကြီးက မီတာ ၅၀ရှည်ကာ ရေစက် သဏ္႑ာန်ရှိသည်။ နက်မှောင်နေခဲ့သလို ရွှေရောင် အစင်းတွေကလည်း ပါသေး၏။ သိသာစွာပင် ဒါက နန်ကုန်းကျင်းရဲ့ကိုယ်ပိုင် သငေ်္ဘာ ရွှေရေဝဲဖြစ်ပေသည်။
လုဇြီက နန်ကုန်းကျင်းရဲ့ သိုလှောင် လက္စြပ္ကို တစ်ချက်ခိုးကြည့်လိုက်သည်။ သငေ်္ဘာကိုတောင် ထည့်နိုင်တယ်ဆိုတော့ တကယ့်ကို ကျယ်ရမယ်။ နန်ကုန်းကျင်းက ပြောသည်။
၀င်
ထို့နောက် သူမ ကိုယ်တိုင်လည်း ဝင်သွားသည်။ လုဇွီလည်း လိုက်ဝင်လိုက်၏။ တစ်နာရီကြာသော်သူတို့တွေအစိမ်းရောင် ဂြိုလ်တစ်လုံးကို ပြတင်းမှတဆင့် မြင်လိုက်ရသည်။
သငေ်္ဘာက ဆင်းသက်တော့၏။နန်ကုန်းကျင်းက သတိပေးလာသည်။
သတိထား သူက ပေါက်ကရတွေ ပြောလာရင် ၊နင် မကြားသလိုပဲ နေရမယ်နော်
လုဇြီ ခေါင်းငြိမ့်လိုက်သည်။
ဟုတ်ကဲ့ ဆရာမ
သူကေတာ့ အရမ်းကို သိချင်နေပြီ။ ဘယ္လို ပေါက်ကရများလဲ။
သငေ်္ဘာက ဆင်းသက်သွားသည်။ လုဇွီတို့လည်း အပြင်ထွက်လိုက်ကြ၏။ ထိုအခါမွ သူ ပတ်ဝန်းကျင်းကို လေ့လာမိတော့သည်။ သငေ်္ဘာက ရေတံခွန်နား ဆင်းသက်လာသည်ပဲ။ ထိုနေရာကိုတော့ ထူထပ်သည့် တောအုပ်က ဝန်းရံထားခဲ့သည်။ အေဝးမွ သားရဲတို့ ဟိန်းသံကိုပင် သူကြားနေရသည်။
ရေတံခွန်ရဲ့ အောက်တွင် မြစ်ကြီးတစ်စင်းရှိသည်။ ထိုမြစ်တွင် သစ်သားတံတားလေးရှိ၏။ ထို့နောက် တောင့်တင်းသန်မာသည့် လူအိုကြီးတစ်ယောက်က မြစ်ဘေးတွင် ထိုင်နေတာကို တွေ့ရသည်။ လုဇြီ စူးစမ်းစွာ ကြည့်နေလိုက်သည်။
ဒါက ဒဏ္႑ာရီထဲက ကျင်းယောင် သူတော်စင်ဆိုတာလား။ သူ့မှာ စွမ်းအားကြီးဖြစ်တည်မှု တစ်ယောက်ရဲ့ စွမ်းအင် အရှိန်အဝါလည်း မရွိပါလား။ ကြည့်ရတာတော့ သာမန် လူအိုကြီးလိုပါပဲ။
သူတို့ အနားသွားလိုက်တော့ လူအိုကြီးက မြေပြင်ကို လက်ညိုးညွှန်ကာ ပြောလာသည်။
ထိုင်
နန်ကုန်းကျင်းက မြေပေါ် ဒီအတိုင်း ထိုင်ချလိုက်တာကို မြင်တော့ သူလည်း ခပ်ယို့ယို့ အမူအယာနဲ့ ထိုင်ချလိုက်တော့သည်။ အနီးရောက်မှ ထိုလူအိုကြီး လုပ်နေတာကို သူ သတိထားမိသည်။ ငါးမြှားနေတာပဲ။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေခဲ့ကာ ငါးမြှားသံကိုသာ ကြားနေရတော့သည်။ လုဇွီကလည်း ငြိင်ငြိမ်လေးသာ ကြည့်နေလိုက်သည်။ထိုအခိုက် လူအိုကြီးက မေးလာသည်။
မင်းက လုဇြီလား
ကျင်းယောင် သူတော်စင်ကို တွေ့ရတာ ဝမ်းသာပါတယ်ခင်မျာ၊ကျွန်တော်က လုဇြီပါ
ကျင်းယောင် သူတော်စင်က သူ့ကို လှည့်ကြည့်လာသည်။ ပါးရေတွန့်နေသည့် မျက်နှာတွင် အပြုံးပေါ်လာ၏။
မင်းအကြောင်းတွေ ငါကြားမိပါတယ်။ မင်းက ရွီးအာ စနစ်ရဲ့ တိုက်ပွဲနယ်မြေမှာလည်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ ယင်ယင်လေးရဲ့ကိစ္စမှာ မင်းရဲ့ လုပ်နိုင်စွမ်းကမ သေးဘူးဆို
လုဇြီ ကို့ယို့ကားယား ပြုံးလိုက်သည်။
ကျွန်တော် လုပ်သင့်တာကိုပဲ လုပ္လိုက္တာပါ
ကျင်းယောင် သူတော်စင်က ပြုံးသည်။
မင်းက တော်တော်လေးလည်း ခန့်ညားတာပဲကွ
လုဇြီ မင်သက်သွား၏။
ကျွန်တော့်ကို မြှောက်နေပြန်ပါပြီ
လုဇြီရဲ့ စိတ်ထဲတွင်တော့ သိနေခဲ့သည်။ ဒါက မြှောက်တာမှ မဟုတ္တာ အမွန္တရားကို ထုတ်ပြောတာပဲလေ။ ထိုအခိုက် နန်ကုန်းကျင်းကပြောလာသည်။
အဘိုးကြီး ငါးမြှားတာ သုံးနှစ်တောင် ရှိပြီမလား တစ်ကောင်မှလည်း မမိဘူး ဒါကို ဘာလို့ မတော်သေးတာလဲ။ အဘိုး အရမ်းလိုချင်နေရင် ကျွန်မ ရေထဲဆင်းပြီး တစ်ကောင် ဖမ်းပေးမယ်။"
ချက်ချင်းပင် နန်ကုန်းကျင်းက ရေထဲဆင်းမည် ပြင်တော့သည်။ ကျင်းယောင် သူတော်စင်ခမျာ လိုက်ဆွဲရတော့သည်။
နေပါဦး ကျင်းကျင်း မင်း မဆင်းရဘူးနော်။ ငါးမြှားတယ်ဆိုတာက ဒီအတိုင်း စောင့်ဖမ်းရတာက ပိုပျော်ဖို့ကောင်းတာကွ
လုဇြီ: .
သူ ထိုနှစ်ယောက်ကို မင်သက်စွာ ကြည့်လိုက်သည်။ကျင်းကျင်းဆိုတာက ပြင်းထန်ရိုင်းစိုင်းတဲ့ အမူးသမားရဲ့ ခ်စ္စရာ နာမည်လား။
လုဇြီ ရယ်လိုက်သည်။ ထိုအခါ နန်ကုန်းကျင်း လှည့်ကြည့်လိုက်၏။ လုဇြီ မျက်နှာက မျက်နှာသေနဲ့ဖြစ်သွားတော့သည်။ သူက ထိုနှစ်ယောက်ကိုသာ စိတ်ရှုပ်သလို ကြည့်နေလိုက်တော့၏။ ဒီနှစ်ယောက်က ဘာတော်တာလဲ။ နန်ကုန်းကျင်းက သူ့ကိုကြည့်လသည်။
ဒါက ငါ့ဘိုးဘေးလေ
လုဇြီ
သူမရဲ့ နောက်ခံက ကောင်းမယ်မှန်း သိပေမယ့် ဒီလောက်ကြီးတော့ မထင်ထားဘူး။ သူတော်စင် တစ်ယောက်ရဲ့ မျိုးဆက်ဟုတ်လား။ သူတော်စင်ကလည်း အသက်ရှုင်နေသေးတာဆိုတော့ သူမရဲ့ ပါရမီ ဒီလောက် တိုးတက်နေတာက အံ့သြစရာ မရှိတော့ဘူးပဲ။
ကျင်းယောင် သူတော်စင်က ငါးမြှားတံကို ခ်ကာ ထရပ်သည်။
ငါနဲ့ လိုက်ခဲ့ကြ
သူက သစ္သား တဲလေးဘက် ထွက်သွားသည်။လုဇွီနဲ့ နန်ကုန်းကျင်းတို့ ထကာ လိုက်သွားလိုက်ကြသည်။ အထဲသို့ ဝင်လိုက်သည်နှင့် သာမန် သစ္သား စားပွဲခုံလေးနဲ့အတူ သစ္သားခုံ လေးခုံကို မြင်ရသည်။ စားပွဲလေးရဲ့ နောက်တွင် အိပ်ယာရှိသည်။
သူတော်စင်က စာပွဲနားတွင် ဝင်ထိုင်ကာ သူတို့ကိုလည်း ထိုင်ရန်ပြောသည်။ ထို့နောက် ခရမ်းရောင် လက်ဖက်ရည်အိုးကို ထုတ်လိုက်သည်။ ရွှေရောင် အရွက်တွေကိုလည်း ဘယ်ကမှန်းမသိ ထုတ်သေးကာ လက်ဖက်ရည် စပ်လေသည်။
သူတို့အတွက် တစ်ယောက် တစ်ခွက်ထည့်ပေးသည်။ လုဇြီ ထိုရွှေရောင် သစ်ရွက်ကို ကြည့်လိုက်သည်။ ထိုဆီမွ ထက်ရှတဲ့ ဓားအရှိန်အဝါကို ခံစားရသည်။နန်ကုန်းကျင်းက ၇ှင်းပြသည်။
ဒါကကျင်းကဲ သစ်ရွက်ပဲ။ လူသားမျိုးနွယ်မှာ ဒါမျိုး မရွိဘူး။ ဒါကို ကျင်းကဲ မျိုးစိတ်မှာပဲ ရှာတွေ့နိုင်တယ်။ ဒါကို သောက်လိုက်ရင် မြေ နတ်စွမ်းအင်ကို သင်ယူနားလည်နိုင်ဖို့ အခွင့်အရေး ရှိလာနိုင်တယ်
လုဇြီ မျက်လုံးပြူးသွားသည်။
နတ်စွမ်းအင်ကို ဒီလိုလည်း လုပ္လို့ရတာပဲလား
နန်ကုန်းကျင်းက ရယ်သည်။
စကြာဝဌာကြီးကကျယ်ပြောတယ်။ ဒါပေါ့ ဒါမျိုးတွေက တကယ့်ကို ရွားပါးတဲ့ ပစ္စည်းလေ။ သစ်ရွက် တစ်ရွက်ကိုတောင် နတ်စွမ်းအင်ရဲ့ အစိတ်အပိုင်း သေးသေးလေးလောက်ပဲ သိရနိုင်မှာ၊ပြီးေ့ တန်ကြေလည်း ကြီးတယ်
ကျင်းယောင် သူတော်စင်က ပြုံးသည်။
ဒါပေမယ့် သောက်ကောင်းတယ်လေ
လုဇြီ:.
တကယ်တော့ သောက်ကောင်းလို့ ကျင်းယောင် သူတော်စင်က ယူထားတာလား။ လုဇြီ တစ္ခြက္လုံး မော့သောက်လိုက်သည်။ သူ့မျက်နှာ အမူအယာက ပြောင်းသွား၏။
အာ သူ့လျှာကို ဓားတွေနဲ့ ဖြတ်နေသလို ခံစားချက်ပါလား။ သူ နန်ကုန်းကျင်းနဲ့ ကျင်းယောင် သူတော်စင်ကို ကြည့်လိုက်သည်။ ထိုနှစ်ယောက်က ခပ်အေးအေး သောက်နေ၏။ သူပဲ အရသာ မခံတတ္တာလား။
ထိုအခိုက် နန်ကုန်းကျင်းက ခြက္ကိုခ်ကာ ပြုံးသည်။
ဒါက ခပ်ပြင်းပြင်း အရသာရွိတဲ့ အရက် သောက်နေရသလိုပဲ
ထို့နောက် သူမက ကျင်းယောင် သူတော်စင်ကို ပြုံးကာ ကြည့်သည်။
အဘိုးကြီး ကျွန်မရဲ့ ကျင်းယောင် တောက်လောင်ခြင်း နေက ကုန်သွားပြီ။ ထပ်ပြီး ပေးနိုင်သေးလား
ကျင်းယောင် သူတော်စင်က ခေါင်းခါသည်။
ငါ့မှာတောင် ကုန်နေပြီကွ။ အဲ့ဒိအကြောင်း ထပ်မတွေးနဲ့တော့။ နောက်၂နှစ်နေရင် ကျင်းပမယ့် အရှေ့ ပိုင်းနယ်မြေ စုဆောင်းပွဲကျမှ ထပ်ဝယ်ပေးမယ်။
လုဇြီ:.
အာ ဒီအရက္သမား နှစ်ယောက်ကတော့။