အပိုင်း ၂၉၄ ဒါက သမိုင်းမှာတောင် အကြီးမားဆုံး တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ပဲ
ညအချိန်ဖြစ်ရာ စံအိမ္က အလွန် တိတ်ဆိတ်လို့နေသည်။ လုဇြီက သူ့အိမ်တွင် တိတ်တဆိတ် ဆင်းသက်လိုက်ခဲ့သည်။သူက စံအိမ်အပြင် ခြံ၀န်းတစ်ခုလုံးကို အာ၇ုံခံ ကြည့်လိုက်ခဲ့သည်။ သူ မနေနိုင်ဘဲ ကြက်သီးတောင် ထသြားရ၏။
နှစ်လ ကြာသွားခဲ့ပြီ၊ သူ သေခြင်း ရှင်ခြင်း အခြေအနေတွေကို အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့ရပြီးပြီ။
စံအိမ်နှင့် လေ့ကျင့်ရေး ကွင်းမှ အလင်းရောင်တို့က ထင်းနေဆဲ ဖြစ်သည်။ သူက လေ့ကျင့်ရေး ကွင်းဘက်ကို ကြည့်လိုက်သည်။ ဦးလေးမာလင်က လုလီနဲ့အဲလစ်တို့ကို လေ့ကျင့်ပေးနေကြောင်း သူ တွေ့လိုက်ရသည်။ ထိုသို့ဆိုပါက သူ့မိဘတွေလည်း အိမ်ပြန်ရောက်နေလောက်ပေပြီ။
ထိုအတွေးနဲ့အတူ လုဇြီ ပြုံးလိုက်သည်။ သူ အေမ့ကို အရင် တွေ့သင့်တယ်၊ မဟုတ်ရင် အရိုက်ခံရလိမ့်မယ်။
လုဇြီ ဆင်းသက်ခဲ့သည့် အချိန်တွင် သင်ကြားပေးနေခဲ့သည့် မာလင်လည်း ရပ်တန့် သွားခဲ့ပေသည်။အဲလစ်က မာလင့်ကို စိတ်ရှုပ်သလို ကြည့်သည်။
ဘာဖြစ်လို့လဲ အေဖလုဇြီ ပြန်လာပြီလား၊ လုလီနဲ့အဲလစ်ကို ပေးခဲ့တဲ့ ကျင့်ကြံခြင်း အ၇င်းအမြစ်တွေကြောင့် မ်ားလား။ ဒီကေလး မှတ်မိတယ်ဆိုတော့ ကောင်းတာပေါ့ မဟုတ်ရင် သူလည်း သွားပြောတော့မလို့ပဲ။
ဒီအချိန်အတောအတွင်းတွင် ထိုကလေးမနှစ်ယောက်ရဲ့ တိုးတက်နှုန်းက နှေးသထက် နှေးလာခဲ့ပေသည်။ အခြားလူတွေထက်တော့ မြန်နေဆဲဆိုပေမယ့် သူ့ကိုတော့ စိတ်ပျက်စေသေးပေသည်။နောက်ပြီး
အဲ့ကေလးက ဗဟိုအစိုးရမွာ အတော်ကျော်ကြားနေတာဆိုတော့ သူ့ရဲ့စွမ်းအားကရော ဘယ်အဆင့်ထိ ရောက်ပြီလဲ။သူ့ရဲ့ ပထမဆရာဖြစ်တဲ့ မာလင်က လုဇြီကို စမ်းသပ်ချင် နေခဲ့ပေသည်။သို့သော် အဲလစ္က လုဇြီ ပြန်လာတာကို ကြားတာနဲ့ ပျော်ရွှင်လွန်းသွားမှာကိုလည်း သူ တွေးရသေးသည်ပေ။ သေချာပေါက် မသိစေရဘူး။
မာလင်က အတွေးတွေကို သိမ်းလိုက်သည်။ လုလီနဲ့အဲလစ်ကလည်း တိတ်တိတ်လေးသာ နေကြကာ ဘာမွ မပြောကြပါပေ။