အပိုင်း ၂၇၉ ဒါမျိုး လုပ်နေကျလား
လုဇြီကေတာ့ ကျင့်ကြံနေခဲ့သည်ဖြစ်လို့ အပြင်ဘက်လောကတွင် ဘာတွေ ဖြစ်နေလဲဆိုတာကို မသိပါပေ။ လူလေးယောက်က သူနဲ့လင်းလင်ကို မျက်နှာသေနဲ့ကြည့်နေတာမြင်တော့ သူ အနည်းငယ်တော့ ရှက်ရွံ့သွားရသည်။ အာ ဘာလို့ လူတွေက သူ့ကို ကြည့်နေရတာလဲ။
သို့ရာတွင် တာအို ဉာဏ်အလင်းပွင့် ခန်းမတွေရဲ့အချိန်က တန်ဖိုးရှိပေသည်။ နန်ကုန်းကျင်းကလည်း ပြောပြဖူးသည် မဟုတ်လား၊ထို့ကြောင့် သူက ထိုသူစိမ်းတွေကို ပြုံးပြလိုက်သည်။
နောက်နှစ်ယောက် ဝင်လို့ရပါပြီ၊ တာအိုဉာဏ်အလင်းပွင့်ခန်းမကိုတော့ လူရှင်းနေအောင် မလုပ်နဲ့လေ
တစ်ဖက်သူတွေက ပထမဆုံးအကြိမ် လာတာ မဟုတ်လောက်မှန်း သိပေမယ့် သူက တစ္လလုံးလုံး ထိုနေရာတွင် ဖြုန်းခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူက ဒီငတုံးလေးတွေကိုတော့ သင်ပေးသင့်တယ်လို့ ထင်နေခဲ့၏။
သူ ပြောတာကို ကြားတော့ ထိုလေးယောက်လုံးက အသိ ဝင်လာကြသည်။ ကျောင်းသား နှစ်ယောက်က လုဇွီနဲ့လင်းလင်ကို ပြုံးပြကာ ဝင်သွားကြ၏။
ကျန်တဲ့ အကြီးအကဲ နှစ်ယောက်ကတော့ နောက်ထပ်နှစ်ယောက် ထြက္လာတာကို စောင့်ဆိုင်းနေခဲ့ကာ လုဇွီနဲ့လင်းလင်တို့ကို အချိန်တိုင်း ကြည့်နေခဲ့သည်။
ထိုအခိုက် လင်းလင်က လုဇြီကို ပြုံးကာ ပြောသည်။
ငါတို့ ပြန်ရောက်ရင် သိုင်းပြိုင်ရအောင်သူမရဲ့လေသံက ယုံကြည်ချက် ရှိနေပုံရ၏။ ရှင်းလင်းစွာပင် သူမကလည်း တိုးတက်လာပုံရပေသည်။
လုဇြီ မျက်ခုံးပင့်ကာ ဟာသ နှောလိုက်သည်။
မင်း ရွုံးမွာ မကြောက်ဘူးလားဟမ့် နင်ရော နိုင်မယ်လို့ ထင်နေလို့လား
လင်းလင်က မျက်လုံးလှန်လိုက်၏။
ဒီကောင်က ယုံကြည်ချက် အရမ်းရှိလွန်း မေနဘူးလား။ သူမကလည်း တိုးတက်ခဲ့တာဆိုတော့ ဒီကောင့်ဆီမှာတော့ ထပ် မရှုံးနိုင်လောက်ပါဘူး။ ဟုတ္တယ္မလား။လင်းလင်ကတော့ ထိုသို့ျဖစ္မယ္လို့ ယုံကြည်နေခဲ့သည်။ မည်သို့ပင်ဆိုစေ သူမက သူတော်စင်ရဲ့မူလစွမ်းအင်ကို လက်ခံ ရရှိခဲ့ပေသည်။