အခန်း241

182 24 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၄၁ ပေါ်ရိပေါ်ရဲ့ အဆနှစ်ရာကျော် အမြတ်

နေနှစ်စင်းကို ခဏ ကြည့်ပြီးနောက် လုဇြီ ပျင်းလာခဲ့ကာ ရေချိုး လိုက်တော့သည်။ သူ့ကိုယ်သူ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ လုဇြီက ဆည်းဆာချိန် ၀က်ဆိုက်ကို ဖွင့်ကာ အထဲမွာ ဘာတွေရှိလဲဆိုတာကို သေချာ လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ နောက်ဆုံး တစ်ခေါက် သူ ကြည့်ခဲ့ချိန်က လေတောင်ပံ နတ်သိုင်းကိုသာ ဖတ်နေဖြစ်ခဲ့သည်ပေ။ ထို့ကြောင့် အျခား အရာတွေကိုပင် သေချာ မကြည့်ဖြစ်ခဲ့ပါချေ။

ထို ဆိုက္က အလွန် အရေးကြီးသည်။ အထူးသဖြင့် ဆည်းဆာချိန် စနစ်တွင် ၇ှိသည့် ကျောင်းသူ၊ ကျောင်းသားတိုင်း အတွက်ပါပေ။ သူ ထိုဆိုက်နဲ့ ရင်းနှီး ကျွမ်း၀င်ဖို့ လိုပေသည်။

ထိုအခိုက် ယဲ့မူရဲ့ အသံက အောက်ထပ်မှ ထွက်လာသည်။
ဇြီ တံခါး ဖွင့်ဦးကွ ။ အရေးကြီး ကိစ္စ တစ်ခုခုဖြစ်နေပြီ

ထိုစကားကြောင့် လုဇြီ ကြောင်သွားသည်။ သူ အောက်ထပ်ကို ဆင်းလိုက်ကာ တံခါး ဖွင့်ပေးလိုက်တော့ ယဲ့မူ၊ရွာဗီယာ၊ လန်း၊ လင်းလင်တို့နဲ့ ကျန်သူတွေ အားလုံး ပါတာကို တွေ့ရသည်။

ဘာဖြစ်လို့လဲ

လုဇြီက သူတို့ အားလုံးကို ဧည့်ခန်းထဲ ခေါ်လိုက်သည်။ ယဲ့မူက ဖုန်းထုတ်ကာ ဘေလာ့တစ္ခုက ပိုစ့်တစ်ခုကို ပရိုဂျက်တာတွင် ပေါ်စေလိုက်သည်။

ဒါကို ကြည့်

လုဇွီလည်း ခေါင်းစဉ်ကို ဖတ်ကြည့်လိုက်သည်။
အံ့သြစရာပဲ။ ကျောင်းသားသစ် လုဇြီရဲ့ စွမ်းအားက ဒီအဆင့်ထိ ရောက်နေမယ် မထင်ထားဘူး။ ငါ ကိုယ်တိုင် စမ်းသပ်ခဲ့တာပါ။ ရေးသားသူ ပေါ်ရိပေါ်

လုဇြီ:.

ပေါ်ရိပေါ် ဟုတ္လား။ ဒါက ဘာလုပ္တာလဲ။ အဲ့ဒိ စိတ်မနှံ့တဲ့ စီနီယာ မဟုတ္လား။

ယဲ့မူ:ငါ ဒါကို ဒီမနက်ပဲ ဆည်းဆာချိန် နက်ဝေါ့မှာ တွေ့လိုက်တာ

လင်းလင် မျက်မှောင်ကြုတ်သည်။
အဲ့ကောင်က မနေ့က တိုက္ပြဲကို ဗီဒီယို ပြောင်းပြီး ပိုက်ဆံနဲ့ ၀င်ကြည့်လို့ ရတဲ့ ဘေလာ့မွာ တင်လိုက်တာလေ။ တစ်ခါကြည့်ရင် အကယ္ဒမီ အမှတ် ၁၀မွ တ် ပေးရတယ်

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now