အခန်း317

114 17 0
                                    

အပိုင်း ၃၁၇ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ
သငေ်္ဘာ၏ ပေါက်ကွဲသံကြောင့်လားမသိ၊ အခြားသော သငေ်္ဘာ နှစ်စင်းသည်လည်း ဘက်ပြန်လှည့်ကာ ရောက်လာကြပေသည်။ ထိုသူတို့သည် တောအုပ်ဘက် လှည့်လာကြ၏။ ထိုပေါက်ကွဲမှုသည် လင်းလင်အား ထိတ်လန့်စေသည်။ သူမ မျက်လုံးတွေ ဖွင့်ကာ မေးလာသည်။

ဘာဖြစ်တာလဲ

လုဇြီ ခေါင်းခါလိုက်သည်။
သငေ်္ဘာ တစ္စီးကို နေရာလပ်သားရဲက ချုံခို တိုက္ခိုက္လိုက္တာ၊ အခု ပေါက်ကွဲသွားပြီ

တခဏကြာသည့်အခါ လုဇြီက စိတ်ရှုပ်ထွေးနေသည့် အမူအယာဖြင့် ဆက်ပြောလာခဲ့သည်။
အထဲက ဘယ္သူမွ မထွက်လာကြဘူး၊ သူတို့အားလုံး သေသွားကြပြီ

လင်းလင်:
သူမ မျက်တောင် တဖျက်ဖျက် ခတ်လိုက်သည်။

အဲ့ဒိသငေ်္ဘာတွေက စွမ်းအားကြီးတယ်ဆို

နေရာလပ် သားရဲက စွမ်းအားဖုံးကွယ်တာ တော်တယ်။ သူတို့လည်း ရုတ်တရက် တိုက်ခိုက်ခံရတော့ အကာအကွယ်တောင် မဖွင့်နိုင်ရှာဘူး

သငေ်္ဘာတွေ၏ အကာအကွယ်လွှာသည် စွမ်းအားများစွာ လိုအပ်သည်။ ထိုသို့ အကာအကွယ်လွှာကို မလိုအပ်သည့် ဆုံးရှုံးမှုမဖြစ်စေရန် တော်တန်ရုံ မဖွင့်ထားတတ်ကြပေ။ ထိုအဖြစ်သည် သူတို့၏ ဂရုမစိုက်မှုကြောင့်လည်း ပါပေသည်။

လင်းလင်သည် လုဇြီ၏ ဖြေရှင်းချက်အား ကြားသော် တခဏမျှ ကြောင်သွားရပေသည်။ သူမက အချိန်အနည်းငယ်ကြာမှသာ ပြန်မေးနိုင်သည်။

အဲ့တော့ ငါတို့ ဘာဆက်လုပ်ကြမလဲ

သူသည်လည်း တိတ်ဆိတ်သွားရပြီ။ ထို့နောက် သူပြောလိုက်၏။
ကြည့်ရတာတော့ သငေ်္ဘာပေါ်က လူတွေက မသန်မာကြဘူး ထင်တယ်။ မဟုတ်ရင် အခုလိုမျိုးဖြစ်မှာ မဟုတ္ဘူး။ နောက်နှစ်စီးကို ဆက်စောင့်ကြည့်ရအောင်။ အဲ့ဒိနှစ်စီး ရောက်လာရင် အခြေအနေကို ကြည့်ကြမယ်။ သူတို့က ထင်သလောက် အင်အားကြီးမနေရင် ငါတို့ အရှင်ဖမ်းပြီး မေးမြန်းကြတာပေါ့

မွတ္ပုံ မတင်ထားသည့် သငေ်္ဘာတွေ ပေါ်လာသည်က ထူးဆန်းနေခဲ့သည်။ လင်းလင်လည်း ခေါင်းငြိမ့်သည်။
အင်း

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now