အပိုင်း ၃၀၇ နောက်ခံ သုံးတာလား
လင်းလင်၏ စကားကို လုဇြီ ကြားသည့်အခါ သူ၏ မျက်နှာတွင် အပြုံးတွေ ပေါ်လာပြီး လင်းလင်အား လှည့်ကြည့်လိုက်တော့သည်။ လင်းလင်သည်လည်း သူ့အား ပြန် စူးကြည့်နေ၏။ တခဏကြာပြီးနောက် သူ ရယ်လိုက်သည်။
မင်း ဘာပြောလိုက်တာလဲ၊ ငါ သေချာ မကြားလိုက်ဘူး
လင်းလင်:.
နန်ကုန်းကျင်း:.
ချိုးယွဲ့ဟော်၇ှား:.
လင်းလင်သည် အောက်နှုတ်ခမ်းကို ဖိကိုက်သည်။ ထိုအ၇ှက်မ၇ှိသည့် ကောင်သည် သူမအား တမင် အနိုင်ကျင့်နေ၏။ နန်ကုန်းကျင်းနှင့် ချိုးယွဲ့ဟော်၇ှားခမျာ ဆက်မကြည့်နိုင်ကြတော့ချေ။ သူတို့နှစ်ယောက် အေဝးသို့သာ အကြည့်လွှဲလိုက်ကြတော့ည်။
လင်းလင် အံကြိတ်လိုက်သည်။
ဇြီက လောကမှာ အေခ်ာဆုံးပဲယခုတစ်ကြိမ်တွင် လင်းလင်၏ အသံသည် အမိုးကိုတောင် ဖြတ်နိုင်လောက်သည်အထိ ကျယ်သည်။ ထို့ကြောင့် လုဇြီ အရှက်မ၇ှိသလို ဟန်ဆောင်၍ မဖြစ်တော့ပေ။
လုဇွီသည် ထိုစကားအား ကြားသည့်အခါ လက်အား ကျောဘက်သို့ ပို့သည်။ ထို့နောက် ၄၅ဒီဂရီလောက် စောင်းကာ အပေါ်အား မော့ကြည့်ရင်း သက်ပြင်းချ၏။
ဒါပေါ့ ငါ့ရဲ့ချောမောမှုက ညကောင်းကင်က ကြယ်တွေထက်တောင် တောက်ပသေးတယ်။ မျက်စိကျိန်းမတတ် တောက်ပလွန်းလို့ လင်းလင်တောင် ငါ့အလွမွာ ကျရှုံးသွားရတယ်၊ မဟုတ္လား။ ဒါက ငါ့ရဲ့ကံကောင်းမှုပါပဲ
လင်းလင်:.
နန်ကုန်းကျင်း:.
ချိုးယွဲ့ဟော်၇ှား:.
သူတို့၏ ပါးစပ္တို့ ရှုံ့မဲ့သွားရကာ လုဇြီအား မယုံနိုင်သလို ကြည့်လိုက်ကြသည်။ ထိုကောင်သည် အ၇ှက် တစ်စက်မှ မ၇ှိချေ။
နန်ကုန်းကျင်း၏ လက္သီးတို့ ယားလာသည်။ သူမ လုဇြီအား ရိုက်နှက်ချင်နေပြီ။ ချိုးယွဲ့ဟော်၇ှားသည်လည်း မျက်လုံးတွေ ကျဉ်းမြောင်းထားသည်။ လင်းလင်သည် ဒေါသတို့ဖြင့် ပေါက်ကွဲမတတ် ဖြစ်နေရပြီ။ တခဏကြာတဲ့အခါ သူမက ပြောသည်။