အနာဂတ်ခရီးသည်
ဘာသာပြန်သူ- Palace of novels
အပိုင်း ၂၁၂
ဘာရီက ပြုံးလိုက်၏။
အဓိက ဆားဂျင့် လင်းလင်က ဒုတိယအဆင့်ဗိုလ်မှူးကြီး လုဇွီနဲ့အတူ သွားရင်း ကြေးခွံနက် သားရဲတွေကို ရင်ဆိုင်ကာ ဝိဉာဉ်သတ္တုတွင်းကို ရှာတွေ့ခဲ့တယ်။ သူမလည်း တိုက်ပွဲနယ်မြေမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့သေးတာပဲ ။ဒီတော့ အဓိက ဆားဂျင်ကနေ ပထမအဆင့် ဗိုလ္အျဖစ္ကို တိုးမြှင့်လိုက်တယ် ။တစ်ချိန်တည်းမှာပဲ ဗဟိုအစိုးရ ကာကွယ်ရေးအမှတ် တစ်သိန်းရရှိမယ်။ ဝိဉာဉ် သတ္တုကတော့ ငါတို့ဆီက ၁၅ကီလိုဂရမ် ရရှိမယ်လုဇြီ ခေါင်းငြိမ့်လိုက်သည်။
ကျွန်တော် သူမ ဆုတွေ ယူသွားပေးပါ့မယ်ဗဟိုအစိုးရ ကာကွယ်ရေးအမှတ်က သူမ အကောင့်ထဲကို ထည့်ပေးလိုက်ရုံပါပေ။ စစ် အဆင့်အတန်းကလည်း ဒေတာ ကိုယ်ရေး အချက်အလက်အရ ပြောင်းလဲသွားမှာပေ။ ဝိဉာဉ်သတ္တုကိုတော့ သူ ယူသွားပေးဖို့ လိုအပ်ပေ၏။
ဘာရီက ခေါင်းငြိမ့်သည်။
ဒီလိုဆိုမွေတာ့ အရာရွိ လျှိုကိုပဲ မင်းတို့ရမယ့် အရင်းအမြစ်တွေ ယူဖို့ ငါ ပြောလိုက်တော့မယ်ဘယ်ဘက်စားပွဲတွင် ထိုင်နေသည့် သက်လတ်ပိုင်းလူက ထရပ္ကာ ပြုံးပြသည်။
ဒုတိယအဆင့် ဗိုလ်မှူးကြီး လုဇွီနဲ့ အားလုံးပဲ ကျွန်တော့်နောက် လိုက်ခဲ့ကြပါထို့နောက် သူက သူတို့ကို ဦးဆောင်ခေါ်ကာ အခန်းထဲမှ ထွက်သွားလေရင်း ဓါတ်လှေကားဆီ သွားသည်။ လူတိုင်းက ဓါတ်လှေကားပေါ် တက်လိုက်ကြသည်။ လူတိုင်းရဲ့ မျက်လုံးတွေက ဓါတ်လှေကား နံပါတ်တွေကိုသာ ကြည့်နေကြတော့၏။ နံပါတ်တွေက ပြမထားတဲ့အခါမှာတော့ သူတို့တွေ အောက်ဆင်းနေတာကိုသာ ခံစားမိနေတော့သည်။
အဖွဲ့က အရမ်းကို သိချင်စိတ် ပြင်းပြနေတာကို မြင်တော့ လျှိုက ရှင်းပြ၏။
အဖိုးတန္ဆုံး စစ်အရင်းအမြစ်တွေကို ဗဟိုအရာရှိအဆောက်အဦးရဲ့ မြေအောက်ခန်းမှာ ထိန်းသိမ်းထားတယ်။ ဝိဉာဉ်သတ္တုတွေလည်း အဲ့ဒီမှာပဲရှိတယ်။ ဒါကြောင့် လုံခြုံရေးက အရမ်းတင်းကြပ်တယ်