ချဲလင့် ဒီစာစဉ်လေးကိုပြောင်းလိုက်ပါပီ share 20ပြည့်တိုင်း တစ်ပိုင်းအပိုလက်ဆောင်တင်ပေးပါမည် အားပေးသူတိုင်းကိုကျေးဇူးပါ
အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၅၅ ရုတ်တရက် မကောင်းတဲ့ ခန့်မှန်းချက် ရလာတယ်
ထို့နောက် ချိုးယွဲ့ဟော်၇ှားက ယင်ယင့်ကို ကြည့်လာသည်။ ဒီကေလးမေလးရဲ့ အရှိန်အဝါကနေ ဘာမွ ထူးထူးခြားခြား မခံစားမိပါလား။ဒီကေလးမေလးက တကယ့် အစွမ်းထက်ဆုံး သူ ဆိုတာရော ဟုတ်ရဲ့လား။ ချိုးယွဲ့ဟော်၇ှားရဲ့ မျက်၀န်းတွေတွင် အလင်းရောင်တွေ လက်လာခဲ့သည်။ သူမ မယုံနိုင်သလို ဖြစ်နေ၏။ သို့ရာတွင် အနားတွင် လုဇွီတို့လည်း ရှိနေလေတော့ သူမ လူတော့ မမှားနိုင်ပါပေ။
လုဇြီကို မြင်တဲ့အခါ ချိုးယွဲ့ဟော်၇ှားရဲ့ မျက်နှာက မဲ့သွားရသည်။ သူမက ဆွဲဆောင်မှု အရှိဆုံးသော ပုံစံနဲ့ လုဇြီကို ပြုံးပြ လိုက်သည်။ထိုအပြုံးက လုဇြီကို တုန်သွားစေသည်။ ဒီအကောင်က သူမကို ငြင်းပြီး ပြင်းထန် ရိုင်းစိုင်းတဲ့ သံလက္သီး နဂါးအေမကို ရွေးခဲ့တာပဲ။ အနားတွင် ကေလးမေလး ရှိနေလေတော့ သူမ လုဇြီကို ဘာမွ လုပ္လို့ မရနိုင်ပေ။
နန်ကုန်းကျင်းလည်း ယင်ယင့်ကို ဆန်းစစ်နေခဲ့သည်။ ငွေရောင် ဆံပင်နဲ့ ကောင်မလေးက ကြယ် ဝိဉာဉ် မျိုးစိတ်ဆိုတာလား။
သတင်းရတာနဲ့ သူမတို့နှစ်ယောက်လုံး အပြေးအလွှား လာခဲ့ကြခြင်း ဖြစ်ပေသည်။ ကျင်းယောင် သူတော်စင်က စိတ်စွမ်းအင်ကို အသုံးပြုကာ စစ်ဆေးကြည့်ခဲ့သည်။ ယင်ယင်က သာမန် မိန်းကလေးနဲ့ တူတယ္လို့ သူက ဆိုခဲ့သည်။ မဟုတ်ပါက သူပင် မသိဘဲ ခိုး၀င်လာနိုင်လိမ့်မည် မဟုတ်ပေ။
ကျင်းယောင် သူတော်စင် ကိုယ်တိုင် ပြေးလာရင်တောင် အခြေအနေက သိပ်ထူးခြားမည် မထင်ပေ။ ထို့ကြောင့် သူက နန်ကုန်းကျင်းနဲ့ ချိုးယွဲ့ဟော်၇ှားကိုသာ စေလွှတ်လိုက်တော့သည်။ လုဇွီနဲ့ လင်းလင်ရဲ့ ဖိအားကို ဝိုင်းထိန်းပေးရန်ဖြစ်ကာ လူသားမျိုးနွယ်ရဲ့ ကိုယ်စားပြု အနေနဲ့ စေလွှတ်ခြင်းလည်း ဖြစ်ပေသည်။
YOU ARE READING
အနာဂတ်ခရီးသည် ဒုတိယတြဲ
Pertualanganလုဇွီဒုတိယတွဲဖြစ်ပါတယ်။ အခန်း201ကစတင်ထားပါတယ်ခင်ဗျ