အခန်း303

134 20 0
                                    

အပိုင်း ၃၀၃

နောက်တစ်နေ့ နံနက်စောစောတွင် နွေးထွေးသည့် နေရောင်သည် ပြတင်းမှ တဆင့် ဖြာကျလာခဲ့သည်။ လုဇြီ မျက်မှောင် ကြုတ်လိုက်၏။ ထို့နောက် သူ၏ မျက်၀န်းတို့အား ဖြေးညှင်းစွာ ဖွင့်လိုက်လေတော့သည်။

သူ ထရပ္လိုက္ကာ အပျင်းကြော ဆန့်သည်။ သူ တစ္ညလုံး အလင်းလုံးတွေမှ စွမ်းအင်တို့ စုပ်ယူနေခဲ့သည်။ ထို့ကြောင့် သူ၏ နတ်စွမ်းအင်သည် သာ၍ အစွမ်းထက်လာတော့သည်။

ထိုသို့ဖြစ်လာသည့်အခါ ထိုအလင်းလုံးတွေထဲ ပါ၀င်နေသည့် လျှို့ဝှက်ချက်တို့သည် သူနှင့် ဆက်စပ်လာခဲ့ကြောင်း သိလိုက်ရတော့သည်။ ထိုသည်က သတင်းကောင်း ဖြစ်၏။သူ အဆင့်မြင့်လာသည့်အခါ လက်၇ှိ အလင်းလုံးတို့သည် သူ့အား သက်ရောက်မှုရှိတော့လိမ့်မည် မဟုတ်ပေ။ထိုအခါ သူသည် အရှင်သခင်အဆင့် သားရဲတို့အား အမဲလိုက်ရန် လိုလာပေလိမ့်မည်။

ထို့နောက် သူ သန့်ရှင်းရေး လုပ်သည်။ ပြီးနောက် အောက်ထပ်သို့ ဆင်းလိုက်သည်။ ထိုအခိုက် တစ်စုံတစ်ယောက်က အခန်းတံခါးအား လာခေါက်သည်။သူ တံခါးဟဖွင့်ပေးလိုက်သည့်အခါ လင်းလင်ကို မြင်ရသည်။ သူ အံ့သြသွားရ၏။

အစောကြီး ဘာလာလုပ္တာလဲ

လင်းလင်က မ်က္လုံး လှန်ပြသည်။
မနေ့က အလင်းလုံး စားထားတော့ ယင်ယင်လေး ဘယ္လို တိုးတက်မှုရှိမလဲလို့ ငါ သိချင်နေပြီ

လုဇြီ ခေါင်းငြိမ့်လိုက်သည်။
ကောင်းပြီလေ ဒါဆိုလည်း သွားရအောင်

လင်းလင်၏ အမူအယာအရ အမှန်တကယ် စိတ်ပူနေခဲ့ကြောင်း သိသာနေပေသည်။ထို့ကြောင့် လုဇြီ စနောက်မနေတော့ပေ။ သူတို့နှစ်ယောက် နန်ကုန်းကျင်၏ အိမ္သို့ ပျံသန်းသွားလိုက်ကြသည်။

လုဇွီသည် နန်ကုန်းကျင်း၏ အိမ္တံခါးအား ခေါက်လိုက်သည့်အခါ တံခါးက လျှင်မြန်စွာ ပွင့်သွားသည်။ သို့သော် လာဖွင့်ပေးသည့် သူကား ချိုးယွဲ့ဟော်၇ှား ဖြစ်နေ၏။

လုဇြီ ချိုးယွဲ့ဟော်၇ှားအား နားမလည်သလို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် မတည့်ဟု ဆိုသော်လည်း မကြာခဏ အိမ်လည် တတ်ကြသည်။ လုဇြီ နန်ကုန်းကျင်း အိမ္သို့ ရောက်သည့်အချိန်တိုင်းနီးပါး ချိုးယွဲ့ဟော်၇ှားက ရှိနေတတ်သည်။ ထိုနှစ်ယောက်၏ ဆက်ဆံရေးသည် ကောင်းသလား၊ ဆိုးသလားပင် သူ မတွေးတတ်တော့ချေ။ သူကသာ အမျိုးသမီးတွေအား နားမလည်နိုင်ခြင်း ဖြစ်လောက်သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now