အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၁၉ ရိတ်သိမ်းရမယ့် ဥတု
လေ၊မီးနဲ့ လျှပ်စီးတို့အပြင် အလွန်အမင်း အားစိုက္ကာ ထုတ်ထားခဲ့သည့် ခွန်အား နတ်စွမ်းအင် ခုနှစ်ဆတို့ ပေါင်းဆုံသွားခဲ့သည်။ ထိုစွမ်းအားတွေ အားလုံးက လုဇြီရဲ့ကိုယ္ကို ၀န်းရံနေသလို တစ်ချိန်ထဲမှာပင် ဆွဲဖြဲနေကြသေးသည်ပေ။ သူ့တွင် ပြန်လည်ကုစားခြင်း နတ်စွမ်းအင်သာ ရွိမေနခဲ့ပါက ဒဏ်ရာတွေ သက္သာဖို့ အသာထား ချက်ချင်းပင် သေသွားနိုင်ပေသည်။
သို့သော် ထိုသည်ကပဲ သူ့အား အလွန့်အလွန် စွမ်းအားကြီးလာစေသည်ပေ။ သူ့ရဲ့စွမ်းအားတွေက အလင်း၀င်ပေါက်ဖွင့်လှစ်ခြင်း စဉီးအဆင့်ကိုပင် ရောက်လာသည်။
က်ားနက္က ဒဏ်ရာပြင်းပြင်းထန်ထန် ရေနခဲ့၏။ လုဇွီသည်လည်း သူ့ရဲ့စွမ်းအားတွေ တည်ငြိမ်ပြီလို့ ခံစားမိတော့မှ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေသည်။ခြိမ်း
မြေကြီးက ကျွံကျကာ တိုက္ခိုက္သံက မိုးခြိမ်းသံလို ဟိန်းထွက်လာခဲ့သည်။
လုဇြီရဲ့လက္သီးက ကျားနက်ရဲ့ လက်သည်းနဲ့ ဆုံတဲ့အခါ လူသန်ကြီးနဲ့ ပိုးကောင်လေး တိုက်ခိုက်နေသလို ဖြစ်နေလေတော့သည်။ သို့သော် ပိုးကောင်လေးကို လူသန်ကြီးက မသတ်နိုင်လိုက်ပေ။ လက်သည်းကြီးက တုန်ခါကာ ကျားနက်ရဲ့ ဒဏ်ရာကို ပိုလို့သာ ဆိုးရွားစေရင်း နောက်သို့ ဆုတ်လိုက် ရလေတော့သည်။ သူ့ခမျာ သွေးတွေ အန်ထုတ်လိုက်ရ၏။
လုဇွီသည်လည်း မင်သက် သွားခဲ့ရသည်။ သူ့ကိုယ်မှ အက်ကွဲရာတွေကား သွေးတို့ စီးထွက်နေခဲ့ပြီ။
သူ နှုတ်ခမ်းကိုက်ကာ ပြန်လည် ကုစားခြင်း နတ်စွမ်းအင်ကို တဖန် ထုတ်သုံးလိုက်ရပြန်သည်။သူက မရပ်တန့်လေဘဲ ထပ္မံ တိုက်ခိုက်လိုက်တော့သည်။ ထို့နောက် ကျားနက်ရဲ့ကျောဘက်သို့ သူ ရုတ်တရက် ရောက်သွားခဲ့သည်။ က်ားနက္က ဒေါသတကြီး အော်ဟစ်သည်။ ထိုအော်သံထဲတွင် စိုးရိမ်မှုတွေ ပြည့်နေ၏။
ကျားနက်ရဲ့ကိုယ်ကို အနက်ရောင် သလင်းသား အလင်းတွေ ဝိုင်းလာခဲ့လေသည်။ လုဇွီရဲ့မျက်၀န်းတွေ အေးစက်သွားခဲ့ကာ လေ၊မီးနဲ့ လျှပ်စီးတို့ကို လက်သီးတွင် စုစည်းလိုက်တော့သည်။ သူက ကျားနက်ရဲ့ အတွင်းအင်္ဂါတွေ ဆုံရာ နေရာသို့ တိုက်ရိုက် ထိုးချလိုက်ခဲ့သည်။