အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၄၄ မင်းကိုယ်မင်း သေခြင်းတရားနဲ့ မေဆာ့ကစားတာက အကောင်းဆုံးဖြစ်မှာပါ
လုဇြီရဲ့ ပုံစံက်ို လင်းလင် သဘောမကျပေ။ သို့သော် သူမ လုဇြီကို မယှဉ်နိုင်တာကတော့ အမှန်ဖြစ်နေ၏။ ထိုအခိုက် တံခါးခေါက်သံကို ကြားလိုက်ရသည်။ လုဇြီ မင်သက်သွား၏။
ဟိုကောင်တွေ ပြန်လာတာ ဖြစ်မယ်
ထို့နောက် သူ တံခါး ဖွင့်ပေးလိုက်သည်။ တံခါး ဖွင့်လိုက်တဲ့အခါ အဖြူရောင် ၀တ်စုံနဲ့ သူနဲ့သက်တူ ရွယ်တူ လူငယ်တစ်ယောက်ကို တွေ့ရသည်။ ထိုလူငယ္က သူ့ကို စူးစိုက် ကြည့်နေတော့ လုဇြီ ကြောင်သွား၏။ ဒါ ဘယ္သူလဲ၊ ငါနဲ့ သိလို့လား။ မဟုတ္ဘူး ငါနဲ့ မသိဘူး။ မသိရင် ဘာလို့ သူ့ကို လာရွာတာလဲ။
လုဇြီက ကြောင်တောင်တောင် ပြန်ကြည့်နေတော့ ထိုလူငယ်လေးက စိတ်လှုပ်၇ှားတဲ့ လေသံနဲ့ ပြောလာသည်။
ဟယ္လို မင်းက ကျောင်းသားလုဇွီထင်တယ် ဟုတ္တယ္မဟုတ္လားလုဇြီ မ်က္ခုံး ပင့်လိုက်သည်။
မင်းကလူငယ္က ခေါင်းငြိမ့်ကာ ပြောသည်။
ငါလည်း မင်းလို ကျောင်းသားသစ်ပဲထို့နောက် သူက စိတ္ပ်က္သြားတဲ့ ဟန်နဲ့ ဆက်ပြောသည်။
ဒါပေမယ့် ငါ လက်ရွေးစင်တန်းကို ၀င်ခွင့်မရခဲ့ဘူး။ မဟုတ်ရင် ငါ မင်းနဲ့ အတန်းတူနေမှာသူ့စကားတွေကြောင့် လုဇြီ ကြောင်သွားသည်။
မင်းက သာမန်အတန်းကဆိုရင် ဒီကို ဘာလာလုပ္တာလဲသာမန် ကျောင်းသားတွေရဲ့ အဆောင်က ဒီကေန အရမ်းဝေးတယ် မဟုတ္ဘူးလား။
ထိုကျောင်းသားက သူ့ကို သိုလှောင်လက်စွပ်ထဲမှ သေတ္တာတစ်ခုထုတ်ပေးသည်။
ငါ မင်းကို ယူနီဖောင်းတွေ လာပေးတာလေ။ ငါ မစ်ရှင်းလုပ်ဖို့ လာခဲ့တာဒါကေရာ မစ်၇ှုင်းပဲလား။ ကျောင်းသားသစ်တွေ အကယ်ဒမီအမှတ် ရွာဖို့ လုပ်ရတဲ့ မစ်ရှင်းထင်တယ်။
ထိုသူက ယူနီဖောင်းကို ပေးပြီးတော့ ပြောသည်။
ငါ အခု ကျောင်း ယူနီဖောင်း ၀တ်ထားတယ်။ ဒါပေမယ့် ဒါက လက်ရွေးစင်တန်းက ယူနီဖောင်းနဲ့ ကွဲတယ်။